အရောင်းသွက်သည့်မန္တလေးပဲနီပြားစျေးကွက်

Powered by Drupal

          ပဲနီပြားမှာ ပြည်တွင်း စားသုံးမှုများပြားပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲနီပြား သီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု   (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း   သိရပါသည်။     မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင် ပဲနီပြား(ကျွန်း) ၅၀၀၀၀၀ ကျပ်၊ပဲနီပြား(တံတားဦး)၄၀၀၀၀၀ကျပ်၊  တစ်ပိဿာလျှင် ပဲနီပြား(ကျွန်း) ၉၀၅၀ကျပ်၊ ပဲနီပြား (တံတားဦး)၇၂၄၀ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူစျေးမှာ တစ်ပိဿာ လျှင် ပဲနီပြား၈၁၄၅ ကျပ်နှင့် ၈၆၈၈ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှင့်ယခုနှစ်စျေးနှိုင်း ယှဉ်ပါကပဲနီပြားမှာ စျေးပိုမိုရရှိကာ အရောင်းသွက်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)