ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော နာနတ်သီးနှင့် ဒညှင်းသီးဈေးနှုန်း

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ရှိ  သစ်သီးဝလံမျိုးစုံရောင်းချသည့် ဆိုင်များတွင် ပန်းသီး၊ စပျစ်သီး၊ ဖရဲသီး၊ နာနတ်သီး၊ ဒညှင်းသီး၊ ငှက်ပျောသီးနှင့် သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာ နာနတ်သီးနှင့် ဒညှင်းသီးကို မန္တလေးမြို့၊ မြစ်ကြီးနားမြို့နှင့် မိုးညှင်းမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

      စက်တင်ဘာလ ဒုတိယပတ်တွင် ရောင်းချနေ‌သော နာနတ်သီး ဈေးနှုန်းများမှာ မြစ်ကြီးနား နာနတ်သီးတစ်လုံးလျှင်(၆၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၄၀၀၀)ကျပ်နှင့် ဒညှင်းသီးဈေးနှုန်းမှာ ဒညှင်းသီးတစ်လုံးလျှင်(၃၀၀)ကျပ်နှင့် အသေးတစ်လုံးလျှင်(၂၀၀)ကျပ်၊ ဒညှင်းသီးအပြုတ် တစ်လုံး လျှင်(၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)