
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ တောင်သူများက မုန့်ညှင်းရွက်၊ ဂေါ်ဖီထုပ်၊ ပဲတောင့်ရှည်သီး၊ ရှမ်းနံနံ၊ အာလူး၊ ကန်စွန်းရွက်နှင့် အခြားဟင်းချက်သီးနှံများကို တစ်ပိုင်တစ်နိုင်စိုက်ပျိုး၍သော်လည်းကောင်း၊ စီးပွားဖြစ်စိုက်ပျိုး ပြီးထွက်ရှိသောသီးနှံများကို မန်းကျည်ပင် ဈေးတွင်လာရောက်ရောင်းချလျက်ရှိကြောင်းသိရပါသည်။ ၂၀၂၅ခုနစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ရောင်းချလျက်ရှိသော အာလူးဈေးနှုန်းမှာ (၅၀) ကျပ်သာလျှင် (၃၀၀၀) ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း ဈေးသည်များထံမှသိရပါသည်။ ယခင်ပတ်နှင့် အာလူးဈေးနှုန်းနှိုင်းယှဉ်ကြည့်ရာ (၁) ပိသာလျှင် (၄၅၀၀)ကျပ်ဖြစ်ပြီး (၁၅၀၀)ကျပ် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)