မြင်းခြံမြို့ရှိ ဆေးတံခွန် ဆေးဝါးနှင့်ဆေးအပိုပစ္စည်းအရောင်းဆိုင်သို့ ကွင်းဆင်း

Powered by Drupal

          တရားမဝင်ဆေးဝါးများ၊ စံမမီဆေးဝါးများနှင့် သက်ဆိုင်ရာဌာနများမှ ထောက်ခံချက်မပါ သောဆေးဝါးများနှင့် ဖော်ပြပါဝင်ရမည့်သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသောဆေးဝါးများ ရောင်းချမှုမရှိစေရေး မြင်းခြံခရိုင်၊ မြင်းခြံမြို့ရှိ “ဆေးတံခွန်” ဆေးနှင့်ဆေးအပိုပစ္စည်း အရောင်းဆိုင်သို့(၂.၉.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)ဦးဆောင်၍ ဝန်ထမ်းများသည် ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းဆောင်ရွက်မှုတွင် သက်ဆိုင်ရာကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ရောင်းချမှုရှိ/ မရှိ၊ တရားမဝင်ဆေးဝါးများရောင်းချမှုရှိ/ မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိ၊ ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/ မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများရှိ/ မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/ မရှိတို့ကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သတ်မှတ်ချက်များနှင့်အညီ တရားဝင်ဆေးဝါးများကိုသာရောင်းချကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဆေးဝါးများပြတ်လပ်မှုမရှိခြင်းများအား စစ်ဆေးတွေ့ရှိရပြီး၊ ဆေးဆိုင်တာဝန်ရှိသူများအနေဖြင့် မိမိရောင်းချသော ဆေးဝါးများနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်၊ အာမခံချက်များကို စားသုံးသူများအားသိရှိစေရေး၊ သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်ချက်များနှင့် အညီရောင်းချစေရေး၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းလည်း သိရှိလိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီလိုက်နာ၍ ဖြန့်ဖြူးရောင်းချကြရန် အသိပေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)