လှိုင်သာယာမြို့နယ်ရှိ Ocean Super Center သို့သွားရောက်၍ ဆန်ရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

             စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိရာ (၈.၉.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လှိုင်သာယာမြို့နယ်၊ Ocean Super Center ရှိ ဆန်ဈေးနှုန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းအသိပညာပေးရာတွင် အမှတ်(၂၄၆)၊ မက္ခရာမင်းသားကြီးမောင်ပျိုလမ်း၊ ဇုန်(၂)၊ လှိုင်သာယာမြို့နယ်ရှိ တာဝန်ခံနှင့်တွေ့ဆုံကာ ရောင်းချနေသော ဆန်များသည် သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသောလုပ်ငန်းရှင်များကို တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)