
၂၀၂၅ ခုနှစ် ပထမ ၈ လတွင် ကမ္ဘောဒီးယားနိုင်ငံသည် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၇.၂ ဘီလီယံ တန်ဖိုးရှိသော စီမံကိန်းပေါင်း ၄၉၁ ခုကို အတည်ပြုခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၇၁ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ကမ္ဘောဒီးယားဖွံ့ဖြိုး တိုးတက်ရေးကောင်စီ (CDC) မှ ၄-၉-၂၀၂၅ ရက်နေ့က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။ အစီရင် ခံစာအရ ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (CIB) သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ စီမံကိန်းပေါင်း ၄၉၁ ခုကို မှတ်ပုံတင်ခဲ့ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ ကန်ဒေါ်လာ ၂.၅ ဘီလီယံ တိုးလာပြီး ၂၀၂၄ ခုနှစ်မှ ၅၀ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ဩဂုတ်လ တစ်လ တည်းတွင် CIB မှ ခန့်မှန်းခြေ ကန်ဒေါ်လာ ၆၀၈ သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၅၁ ခုကို အတည်ပြုပေးခဲ့ပြီး အဆိုပါပရောဂျက်များသည် အလုပ်အကိုင်သစ် ၂၇,၀၀၀ ခန့် ဖန်တီးပေးနိုင်မည်ဟု မျှော်မှန်းထားသည်။
DOCA (ရန်ကုန်)