တရုတ်နိုင်ငံ Youyiguan နယ်စပ်ရှိ ဝန်ဆောင်မှုများ တိုးမြင့်ခြင်းကြောင့် ထိုင်းနိုင်ငံ၏ ဒူးရင်းသီးတင်ပို့မှုများ မြင့်တက်လာ

Powered by Drupal

          ထိုင်းနိုင်ငံ၏ ဒူးရင်းသီးတင်ပို့မှုများသည် တရုတ်နိုင်ငံ Youyiguan နယ်စပ်ရှိဝန်ဆောင်မှုများ အဆင့်မြင်တင်ခြင်းကြောင့် စျေးနှုန်းများမြင့်တက်လျက်ရှိကြောင်း သြဂုတ်လ ကုန်သွယ်မှုမြှင့်တင်ရေးဌာန (DITP) ၏ ထုတ်ပြန်ချက်များအရ သိရပါသည်။ DITP ၏ ညွှန်ကြားရေးမှူးချုပ် ဆိုသူ Sunanta Kangvalkulkij က Youyiguan သည် လက်ရှိတွင် ဗီယက်နမ်နိုင်ငံနှင့် တစ်ခြားအရှေ့တောင်အာရှနိုင်ငံများနှင့်ဆက်စပ်နေသော တရုတ်နိုင်ငံ၏ အဓိက ကုန်းလမ်းဖြတ်သန်းရေး နယ်စပ်များထဲမှ တစ်ခုဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် Youyiguan သည် သစ်သီးတင်ပို့မှုနှင့် ကုန်သွယ်မှုများအတွက် ကြီးမားသောကုန်သွယ်ရေးနယ်စပ်တစ်ခုဖြစ်ကြောင်း သိရပါသည်။ Youyiguan ရှိအကောက်ခွန်လုပ်ငန်းစဥ်များသည် အဆင့်မြင့်နည်းပညာဆန်းသစ်တီထွင်မှုများနှင့် အတူ ဆက်လက်တိုးတက်လျက်ရှိကြောင်း သိရပါသည်။ အဆိုပါ တိုးတက်မှုများကြောင့် ကုန်ကားဝင်ရောက်မှုများနှင့် ထွက်ခွာမှုများတွင် အဆင်ပြေချောမွေ့သောလမ်းကြောင်းများ ရရှိစေနိုင်ကြောင်း သိရပါသည်။ အဆိုပါနယ်စပ်မှတစ်ဆင့် ၃ ရက်အတွင်း ကုန်ကား ၈၈၀၀ စီးဖြတ်သန်း လျက်ရှိပြီး တစ်နေ့လျှင် ကုန်ကား ၂၉၃၄ စီးဖြတ်သန်းလျက်ရှိရာ ယခင်နှစ်ကာလနှင့်နှိုင်းယှဥ်လျှင် ၈၉ ရာခိုင်နှုန်းမြင့်တက်လျက်ရှိကြောင်း သိရပါသည်။ အဆိုပါဖြတ်သန်းနှုန်းမြင့်တက်လျက်ရှိသော်လည်း နယ်စပ်ဖြတ်သန်းသွားလာမှုမှာ အချိန်တိုတိုနှင့် အကျိုးသက်ရောက်မှုရှိကြောင်း သိရပါသည်။ ၂၀၂၅ခုနှစ်မေလတွင် ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ ဒူးရင်းသီး ကွန်တိန်နာပေါင်း ၄၅၄၀ စီးခန့်အား အဆိုပါ နယ်စပ်သို့ဖြတ်သန်းလျက်ရှိပြီး တစ်နေ့လျှင် ကွန်တိန်နာပေါင်း ၁၅၀ စီးခန့် ဖြတ်သန်းလျက်ရှိကြောင်း သိရပါသည်။ အဆိုပါကွန်တိန်နာ စီးဝင်စီးထွက်မှုများသည် အကောက်ခွန်ဌာန၏ အလျဥ်းသင့်သလို စိစစ်မှုဆောင်ရွက်မှုများကြောင့် တစ်နေ့လျှင် ကွန်တိန်နာ ၁၇၀ စီးခန့် စီးဝင်စီးထွက်ရှိလာမည်ဖြစ်ကြောင်း သိရပါသည်။

Source: Nation Thailand 

DOCA (ရန်ကုန်)