
Saudi Arabia နိုင်ငံသည် ထိုင်းနိုင်ငံမှ ကြက်သားတင်ပို့မှုကို မှတ်ပုံတင်မှုပြုလုပ်ပြီးနောက် ထပ်မံသက်တမ်း ၆ လတိုးမြင့်လိုက်ကြောင်း Saudi သတင်းဌာန၏ ထုတ်ပြန်ချက်များအရ သိရပါသည်။ ထိုင်းနိုင်ငံ စိုက်ပျိုးကုန်ပစ္စည်းများနှင့်အစားအသောက်စံနှုန်းသတ်မှတ်ရေး ဗျူရို (ACPS) ၏ အတွင်းရေးမှူးချုပ်ဆိုသူ Dr Chaiwat Yothakol က အဆိုပါ သက်တမ်းမြင့်တင်လိုက်ခြင်းသည် ထိုင်းနိုင်ငံအာဏာပိုင်အဖွဲ့အစည်းများနှင့် Saudi Arabia နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်၊ ရေနှင့် စိုက်ပျိုးရေးဝန်ကြီးဌာန (MEWA) တို့ကြား အပြန်အလှန်ဆွေးနွေးမှုအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရပါသည်။ ACPS ၏ ညွှန်ကြားရေးမှူးဆိုသူ Ravinan Chamchalerm ဦးဆောင်သော ထိုင်းအစိုးရအဖွဲ့နှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် MEWA မှ အရာရှိတို့သည် Saudi GAP လိုအပ်ချက်များအတွက် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ အဆိုပါ ဆွေးနွေးပွဲအတွင်းတွင် ထိုင်းနိုင်ငံသည် MEWA ကိုယ်စား မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဌာနသို့ စုံစမ်းစစ်ဆေးခြင်းနှင့် လက်မှတ်များထုတ်ပေးရန် အဆိုပြုခဲ့ကြောင်း သိရပါသည်။ အဆိုပါ အဆိုပြုချက်သည် ထိုင်းနိုင်ငံတင်ပို့သူများ၏ ဝန်ထုပ်ဝန်ပိုးကိုလျော့ချစေနိုင်ကြောင်း သိရပါသည်။ လက်ရှိတွင် အဆိုပါအဆိုပြုချက်ကို Saudi အာဏာပိုင်များက စဥ်းစားလျက်ရှိကြောင်း သိရပါသည်။ MEWA သည် ၂၀၂၅ သြဂုတ်လအကုန်တွင် Naama ပလက်ဖောင်းမှ တစ်ဆင့် အွန်လိုင်း မှတ်ပုံတင်ခြင်း ပြုလုပ်နိုင်ရန်စီစဥ်လျက်ရှိကြောင်း သိရပါသည်။ အဆိုပါအွန်လိုင်းမှတ်ပုံတင်ခြင်းဖြင့် ထိုင်းနိုင်ငံကြက်သားလုပ်ငန်းများသည် Saudi GAP လက်မှတ်ကို တိုက်ရိုက်လျောက်ယူခွင့်ရှိမည်ဖြစ်ကြောင်း သိရပါသည်။ MEWA သည် ထိုင်းနိုင်ငံ၏ Saudi အစားအသောက်နှင့် ဆေးဝါးအဖွဲ့အစည်း (SFDA) တွင် မှတ်ပုံတင်ထားသော စက်ရုံ ၁၁ ခုအတွက် စည်းကမ်းအသစ်များ ကြပ်မတ်ခြင်းကို ရွေ့ဆိုင်းခွင့်ပေးရန် တောင်းဆိုမှုကို သဘောတူလက်ခံလိုက်ကြောင်း သိရပါသည်။ သို့ရာတွင် သက်ဆိုင်ရာစက်ရုံများအားလုံးသည် MEWA နှင့်အတူ မှတ်ပုံတင်ခြင်း လုပ်ငန်းစဥ်များကို သတ်မှတ်ရက်မတိုင်ခင်တွင် အပြီးသတ်ပြုလုပ်ရမည်ဖြစ်ကြောင်း သိရပါသည်။
Source: Nation Thailand
DOCA (ရန်ကုန်)