“ ကော့မှူးမြို့နယ်ရှိ ဆေးဆိုင်များသို့ ဆေးဝါးများ၏ဈေးနှုန်းအခြေအနေ ကွင်းဆင်းစစ်ဆေး”

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ကော့မှူးမြို့နယ်ရှိ ရပ်ကွက်များနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆေးအရောင်းဆိုင်များသို့ ဩဂုတ်လ(၂၅)ရက်နေ့၊ နေ့လယ် (၁၁:၃၀)နာရီအချိန်တွင် ဈေးအတွင်းဖြစ်ပေါ်နေသည့် ဆေးဝါးများ၏ ဈေးနှုန်းအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေး တာဝန်ခံ ဦးအေးသွင်တို့သည် ဗိုလ်ချုပ်လမ်း၊ မကျီးကန်းရပ်ကွက်ရှိ ဇာနည်ဆေးဆိုင်၊ ဗိုလ်ချုပ်လမ်း မြို့မရပ်ကွက်ရှိ အောင်သစ္စာဆေးဆိုင်နှင့် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ဆေးဆိုင်များသို့ သွားရောက်ခဲ့ပြီး ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် မိမိတို့၏ဆိုင်တွင် စားသုံးသူပြည်သူများအား နေ့စဉ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဆေးဝါးများ၏ ဈေးနှုန်းအတက် အကျပြောင်းလဲဖြစ်ပေါ်နေမှု အခြေအနေစံနှုန်းမညီဆေးဝါးများ၊ သက်တမ်းကုန်လွန်နေသော ဆေးဝါးများ၊ စပ်ဆေးများအား ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဆေးဝါးများ၏ ဈေးနှုန်းအခြေအနေတို့အား စာရင်းကောက်ယူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)