
စားသုံးသူပြည်သူများအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် အသား၊ ငါးများ ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အသား၊ ငါးအရောင်းဆိုင်များသို့ ဩဂုတ်လ(၂၅) ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်နှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်းအဖွဲ့သည် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဒေါ်ချိုချိုဇင်၊ ဒေါ်ဌေးကြည်၊ ဒေါ်မိုးကြည်၊ ဒေါ်ကြည်အေး ရေချိုရေငံ ငါး၊ ပုဇွန်အရောင်းဆိုင်၊ ဒေါ်နိုင်နိုင်မော်၊ ဒေါ်ပေါက်ကြက်သား၊ ဘဲသားအရောင်းဆိုင်၊ ဦးခင်မောင်ဝင်း ဝက်သားဆိုင်၊ ဦးကုလား အမဲသားဆိုင်၊ ဦးဇော်ကြီး ဆိတ်သားအရောင်းဆိုင်တို့တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော အသား၊ ငါး၊ ပုဇွန်များအား စားသုံးသူပြည်သူများ ဘေးဥပဒ်အန္တရာယ်ဖြစ်စေနိုင်သော တာရှည်ခံဆေးဝါးများ၊ ယင်မနားဆေးဝါးများ သုံးစွဲခွင့်ပိတ်ပင်ထားသော ဆိုးဆေးများ အသုံးပြုခြင်းအား လုံးဝမပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)