
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၏ စိုက်ပျိုးရေးကဏ္ဍပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် ကော့မှူးမြို့နယ် အရှေ့ခြမ်းကျေးရွာများသို့ ဩဂုတ်လ(၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မိုးစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးညွန့်နွယ်မှ ကော့မှူးမြို့နယ် ထမ္မနိုင်ကျေးရွာ၊ ရွှေကျောင်းဘုန်းကြီးကျောင်း၌ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထမ္မနိုင်၊ ကျွဲလူးအိုင်၊ ကိုးတောင်၊ ကန်သုံးကန်၊ ခရုံချောင်း၊ ဝါးဘလောက်သောက်၊ ညောင်ပင်သာ၊ ကျုံဒရယ်၊ ပျားလမွှတ်၊ ဘို့ဒင်၊ စရိက္ခနိကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူ(၁၀၀)ဦးခန့်အား တွေ့ဆုံ၍ စိုက်ပျိုးရေးကဏ္ဍပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြေပြုပြင်ရေး၊ မျိုးကောင်းမျိုး သန့်ပြောင်းလဲသုံးစွဲရေး၊ ရေကြီးကွင်းများမှ ရေနုတ်နိုင်ရေး၊ မြေချဉ်မြေငံဓာတ်တိုင်းတာရေး၊ ရွှေခရုနှင့်ပိုးမွှားနှိမ်နင်းရေး၊ စိုက်ဧကများတွင် Seeder ဖြင့်သာ စနစ်တကျစိုက်ပျိုးရေးတို့အတွက် အသေးစိတ်ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း ဆက်လက်၍ မျက်ဆံနီကျေးရွာသို့ ထွက်ခွာခဲ့ပြီး ကျေးရွာရှိ မိုးစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)