
တရုတ်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)အတွက် အကြီးဆုံးကုန်သွယ်ဖက် နိုင်ငံအဖြစ် တည်ရှိနေဆဲ ဖြစ်ကြောင်း ကုန်သွယ်ရေးတာဝန်ရှိသူ တစ်ဦးက စက်တင်ဘာလ ၈ ရက် တွင် ပြောသည်။
ယခုကဲ့သို့ တရုတ်နိုင်ငံက အာဆီယံအဖွဲ့အတွက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်နေသည်မှာ ၁၆ နှစ်ရှိလာပြီဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။
ယခုနှစ် ပထမခုနစ်လအတွင်း တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့တို့ကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၅၉၇ ဘီလီယံအထိ ရှိကြောင်း၊ ထိုပမာဏသည် ယမန်နှစ်ကထက် ၈ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်းနှင့်တရုတ်နိုင်ငံ၏စုစုပေါင်းပြည်ပကုန်သွယ်မှုပမာဏအနက် ၁၆ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ယန်ဒေါင်းက ပြော ထားခြင်း ဖြစ်သည်။
ထို့ပြင် ယခုနှစ်၏ ဇူလိုင်လကုန်အထိ တွက်ချက်မှုများအရ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ တို့ကြား အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၄၅၀ ကို ကျော် လွန်လာကြောင်း ယန်ဒေါင်းကဆက်ပြောသည်။
တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံမှ ကုမ္ပဏီများအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အခြေခံ အဆောက်အဦဆိုင်ရာ စီမံကိန်းများအတွက် ချုပ်ဆိုထားသည့် စာချုပ်တန်ဖိုးမှာ ဒေါ်လာ ဘီလီယံ ၄၈၀ ရှိကြောင်း သိရသည်။
DOCA(ပြည်ထောင်စုနယ်မြေ)