မှာယူမှုနည်းပါးခြင်းကြောင့် ထိုင်းနိုင်ငံတွင် BYD Shark ရောင်းချမှုအားဖျက်သိမ်းခဲ့

Powered by Drupal

          အမှာစာများနည်းပါးမှုကြောင့်  BYD Thailand သည် Shark 6 PHEV ပစ်ကပ်ထရပ် ကားများအား မရောင်းချရန်ဆုံးဖြတ်ခဲ့ကြောင်း Autolifethailand.tv ၏ အဆိုအရသိရသည်။ ၂၀၂၅ ခုနှစ် မတ်လ International Motor Show တွင် ဘွတ်ကင်မှာယူမှုများကို စတင်ခဲ့ပြီး အစီးရေ ၅၀၀ သာမှာယူရန် ကန့်သတ်ထားသော်လည်း ၁၅၃ စီးသာအော်ဒါမှာယူထားကြောင်း သိရသည်။ ပြည်တွင်းဖြန့်ချီရေး ကုမ္ပဏီ Rever Automotive သည် ထိုအမှာစာ ၁၅၃ စောင်ကို ဖျက်သိမ်းရန်တောင်းဆိုနေပြီး ကြိုတင်မှာယူမှု အခကြေးငွေအား ကောက်ခံခြင်းမရှိကြောင်း ထိုင်းသတင်းစာမှ ဖော်ပြခဲ့သည်။ ဘတ် ၁.၇ သန်းအောက် (RM 223k) ဖြင့် Shark 6 PHEV သည် Toyota Hilux၊ Isuzu D-Max နှင့် Ford Ranger တို့၏ စျေးနှုန်းထက်များစွာမြင့်ကြောင်း သိရသည်။ BYD Auto (Thailand) အထွေထွေမန်နေဂျာ Ke Yubin မှ Autolifethailand.tv နှင့် အင်တာဗျူတွင် Shark သည် CBU China မှ တင်သွင်းသောကြောင့် အခွန် ၃၀ ရာခိုင်နှုန်းကျော် ပေးဆောင်ရသည့်အတွက် ထိုသို့စျေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း ပြော ကြားခဲ့သည်။ BYD Shark သည် အရှည် ၅၄၅၇ မီလီမီတာ၊ အကျယ် ၁၉၁၇ မီလီမီတာ၊ အရှည် ၁၉၂၅ မီလီမီတာနှင့် ၃၂၆၀ မီလီမီတာဘီတပ်ခုံတို့ပါရှိပြီး PHEV စနစ်တွင် ၁၈၄ PS/260Nm 1.5 လီတာတာဘို ဓာတ်ဆီအင်ဂျင်၊ 231 PS/310Nm အရှေ့ပိုင်းလျှပ်စစ်မော်တာ၊ 204 PS/340 Nm အနောက်ပိုင်းလျှပ်စစ်မော်တာနှင့် 29.58-kWh Blade LFP ဘတ်ထရီတို့ပါဝင်ကြောင်း သိရသည်။

Source : Xinhua

DOCA (ရန်ကုန်)