နီပေါနိုင်ငံသည် နိုင်ငံအတွင်းရှိဆိုရှယ်မီဒီယာ ပလက်ဖောင်းများအား ၇ ရက်အတွင်း မှတ်ပုံတင်ရန် တောင်းဆို

Powered by Drupal

         နီပေါအစိုးရသည် ဆိုရှယ်မီဒီယာပလက်ဖောင်းများ မှတ်ပုံတင်ရန် ခုနစ်ရက်ကြာ နောက်ဆုံးရက်ကို သတ်မှတ်လိုက်ကြောင်း၊ လူမှုမီဒီယာစည်းမျဉ်း ၂၀၈၀နှင့် တရားရုံးချုပ် အမိန့်အရ ဆိုရှယ်မီဒီယာအော်ပရေတာများအား ခုနစ်ရက်အတွင်း မှတ်ပုံတင်ရန် အစိုးရအဖွဲ့မှ ဆုံးဖြတ်ခဲ့ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနမှ ဝန်ကြီး Prithvi Subba Gurung က သြဂုတ်လ ၂၇ ရက်နေ့က ပြောကြားခဲ့သည်။          နီပေါတွင် သတ်မှတ်ထားသည့် ကာလအတွင်း ဝန်ကြီးဌာနထံ မှတ်ပုံတင်ရန်ပျက်ကွက်သည့် ဆိုရှယ်မီဒီယာပလက်ဖောင်းများကို ဖြည်းဖြည်းချင်းပိတ်ပင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

        မတ်လနှောင်းပိုင်းတွင် နီပေါအစိုးရက လူမှုမီဒီယာပလက်ဖောင်းများကို မှတ်ပုံတင်ရန် သို့မဟုတ် ပိတ်ပင်ခြင်း၏အကျိုးဆက်ကို ရင်ဆိုင်ရန် ရက်ပေါင်း ၃၀ ပေးခဲ့သော်လည်း ပလပ်ဖောင်းအများအပြားသည် မှတ်ပုံတင်ရန် ငြင်းဆိုခဲ့ကြောင်းသိရသည်။

Source : Xinhua

DOCA (ရန်ကုန်)