တောင်ကိုရီးယားနိုင်ငံ၏ အိမ်ထောင်စုဝင်ငွေသည် ဒုတိယသုံးလပတ်တွင် မြင့်တက်

Powered by Drupal

             တောင်ကိုရီးယားနိုင်ငံ၏ အိမ်ထောင်စုဝင်ငွေသည် ဝင်ငွေနှင့် စီးပွားရေးဝင်ငွေများ တိုးလာခြင်းကြောင့် (၈) ကြိမ် ဆက်တိုက် သုံးလပတ်အတွင်း မြင့်တက်ခဲ့ကြောင်း စာရင်းအင်းရုံး၏ သြဂုတ် လ (၂၈) ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါသည်။

          မိသားစုတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော အိမ်ထောင်စုများ၏ လစဉ်ပျမ်းမျှဝင်ငွေသည် ပြီးခဲ့သည့်နှစ်ကထက် ၂.၁ ရာခိုင်နှုန်း တိုးတက်လာပြီး ဧပြီမှဇွန် သုံးလပတ်တွင် ဝမ် ၅၀၆၅၀၀၀ (အမေရိကန်ဒေါ်လာ ၃၆၄၀) သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါဝင်ငွေသည် ၂၀၂၃ ခုနှစ် တတိယသုံးလ ပတ်မှစ၍ ဆက်တိုက်တိုးတက်နေကြောင်း ကိုရီးယားစာရင်းအင်းဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။

          ဝင်ငွေအနိမ့်ဆုံး အိမ်ထောင်စု ၂၀ ရာခိုင်နှုန်း၏ လစဉ်ပျမ်းမျှဝင်ငွေသည် ၃.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ဝမ် ၁၁၉၄၀၀၀ ရောက်ရှိခဲ့ပြီး ဝင်ငွေအမြင့်ဆုံး အိမ်ထောင်စု ၂၀ ရာခိုင်နှုန်း၏ ဝင်ငွေသည်  ၀.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ဝမ် ၁၀၇၄၃၀၀၀ ရောက်ရှိခဲ့ပါသည်။

          အနိမ့်ဆုံးဝင်ငွေအုပ်စု၏ လစဉ်ပျမ်းမျှ စားသုံးမှု ကုန်ကျစရိတ်မှာ ၄.၁ ရာခိုင်နှုန်း တိုးလာကာ ဝမ် ၁၃၀၄၀၀၀ သို့ ရောက်ရှိခဲ့ပြီး အမြင့်ဆုံး ကုန်ကျစရိတ်မှာ ၁.၄ ရာခိုင်နှုန်း တိုးလာကာ ဝမ် ၄၉၄၃၀၀၀ သို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)