
Vietjet Aviation Joint Stock Company သည် Dong Nai ပြည်နယ် Long Thanh နိုင်ငံတကာလေဆိပ်တွင် ၎င်းတို့၏ လေယာဉ်ပြုပြင်ထိန်းသိမ်းရေးစင်တာတည်ဆောက်ရန် အတွက် ပဏ္ဍပ်ရိုက်ပွဲကျင်းပခဲ့ကြောင်း သိရပါသည်။ လေကြောင်းလိုင်း၏အဆိုအရ ထိုစင်တာ သည် ၈.၄ ဟတ်တာအကျယ်အဝန်းရှိပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆၄.၆ သန်းနီးပါးရှိကြောင်း သိရပါသည်။ ထိုစင်တာကိုနိုင်ငံတကာစံနှုန်းမျာနှင့် ကိုက်ညီရန် ဒီဇိုင်းဆွဲထားပြီး ကမ္ဘာ့လေကြောင်းလိုအပ်ချက်များနှင့်ကိုက်ညီသော နည်းစနစ်အခြေခံ အဆောက်အအုံများပါဝင်ကာ လေယာဉ် ၁၀ စီးကိုတစ်ပြိုင်နက်ဝန်ဆောင်မှုပေးနိုင်ကြောင်း သိရပါသည်။ အဆိုပါစင်တာ စတင်လည်ပတ်ပါက စီမံကိန်းသည် အင်ဂျင်နီယာနှင့် နည်းပညာရှင် များအတွက် အရည်အသွေးမြင့်အလုပ်အကိုင်ပေါင်း ၅၀၀ မှ ၆၀၀ ကြား ဖန်တီးပေးနိုင်ရန် မျှော်လင့်ရကြောင်း သိရပါသည်။ အခမ်းအနားတွင် ပြည်နယ်ပြည်သူ့ကော်မတီ၏ ဘုတ်အဖွဲ့ဝင် ဖြစ်သူ Nguyen Minh Hoi က ထိုစီမံကိန်းတည်ရှိမှုသည် လေဆိပ်တွင် လေကြောင်းဝန်ဆောင်မှု ဂေဟစနစ်ကို ပြည့်စုံစေရုံသာမက နည်းပညာမြင့်လုပ်ငန်းများဖွံဖြိုးတိုးတက်မှုမြှင့်တင်ခြင်း၊ လူသားအရင်းအမြစ် အရည်အသွေးတိုးမြှင့်ခြင်းနှင့် Dong Nai ပြည်နယ်နှင့် ပတ်ဝန်းကျင်ဒေသ စဉ်ဆက်မပြတ် ကြီးထွားမှုအဟုန်ကို ဖန်တီးပေးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ Hoi က စီမံကိန်းသည် Long Thanh နိုင်ငံတကာ လေဆိပ်၏လေကြောင်းဝန်ဆောင်မှု တန်ဖိုးကွင်းဆက် တွင် အဓိက ချိတ်ဆက်မှုဖြစ်လာလိမ့်မည်ဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ကာ ဒေသတွင်းနှင့် ကမ္ဘာတွင် ခေတ်မီပြီး ယှဉ်ပြိုင်နိုင်သောလေယာဉ်အကူး အပြောင်းအချက်အချာနေရာဖြစ်လာမည်ဟု ပြောကြားခဲ့ပါသည်။ ထို့ပြင် Hoi ကစီမံကိန်းအချိန်မီ လုံခြုံထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် ကောင်းမွန်သောအခြေအနေများ ဆက်လက်ဖန်တီးပေးရန်ကတိပြုခဲ့ပြီး Long Thanh အား ဒေသတွင်းထိပ်တန်းနိုင်ငံတကာ လေကြောင်းစင်တာအဖြစ်တည်ဆောက်ရာတွင် ရင်းနှီးမြှုပ်နှံသူများနှင့်အတူ လိုက်ပါဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ပါသည်။
Vietnam Plus
DOCA (ရန်ကုန်)