
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး(ဌာနခွဲစာရေး) သည် ၂၇.၈.၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည့်စုံဈေးရှိ သစ်ခွဆေးဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သစ်ခွဆေးဆိုင်တွင် ရောင်းချလျက်ရှိသော လူသုံးများသောဆေးဝါးများဖြစ်သည့် အကိုက်အခဲပျောက်ဆေး၊ ဖျားနာပျောက်ဆေး၊ သွေးပေါင်ကျဆေး၊ ဆီးချိုဆေး၊ အသည်းအားဆေး စသည့်ဆေးဝါးများမှာ ဈေးကွက်အတွင်းအရောင်းသွက်ကြောင်းနှင့် ရောင်းချနေသော ဆေးဝါးများ၏ဈေးနှုန်းများအတက်အကျရှိ/ မရှိ၊ ဆေးပစ္စည်းများဆိုင်တွင် လက်ကျန်ကျန်ရှိမှုအခြေအနေများကို စစ်ဆေးခဲ့ပြီး အမြတ်ရာခိုင်နှုန်းများစွာတင်၍ ရောင်းချခြင်းမပြုလုပ်ဘဲ ဈေးနှုန်းမှန်ကန်စွာရောင်းချကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)