ကမ္ဘောဒီးယားနှင့် မလေးရှားတို့သည် စွမ်းအင်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းသစ်များကို ရှာဖွေ

Powered by Drupal

            မလေးရှားနိုင်ငံမှ Petronas LNG နှင့် Royal Group ၏ Botum Sakor(ကမ္ဘောဒီးယား) ကုမ္ပဏီတို့သည် အ၂၆-၈-၂၀၂၅ ရက်နေ့က ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီးကမ္ဘောဒီးယားနှင့် မလေးရှားတို့သည် အလားအလာရှိသော ဖက်စပ်ရင်းနှီးမြုပ်နှံမှုများနှင့် LNG(သဘာဝဓာတ်ငွေ့အရည်) တင်သွင်းမှုများအပေါ် ဗဟိုပြု၍ ဆွေးနွေးမှုများနှင့်အတူ နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုကို ခိုင်မာစေရန်အတွက် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေလျက်ရှိသည်။ တွေ့ဆုံစဉ် Petronas LNG ၏ အမှုဆောင် အရာရှိချုပ်သည် Royal Group of Companies ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Kith Meng အား Petronas ၏ အဆင့်မြင့် LNG စနစ်နှင့် လုပ်ငန်းဆောင်ရွက်မှုများ အကြောင်း လက်တွေ့ကျကျ သိမြင်နိုင်ရန် မလေးရှားနိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခဲ့သည်။ Petronas သည် မလေးရှား၊ သြစတြေးလျ၊ ကနေဒါ၊ အမေရိကန်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့ အထိ ကျယ်ပြန့်စွာ အခြေချလျက်ရှိပြီး ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့ရည် ထုတ်လုပ်သူနှင့် တင်သွင်းသည့် ကုမ္ပဏီများထဲမှ တစ်ခုအဖြစ် အသိအမှတ်ပြုထားသည်။ Royal Group ၏ လုပ်ငန်းခွဲဖြစ်သော Royal Group Botum Sakor သည် လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ကြီးထွားလာနေသောစွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ Koh Kong ပြည်နယ်ရှိ အထင်ကရ 900 MW Botum Sakor LNG ပရောဂျက်ကို ဖွံ့ဖြိုးတိုးတက်ရေးတွင် ဦးဆောင်လျက်ရှိသည်။  Petronas နှင့် ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုများသည် ၎င်း၏စွမ်းအင်ရင်းမြစ်များကို ကွဲပြားစေပြီး ရေရှည်စွမ်းအင်လုံခြုံရေးကို လုံခြုံစေရန် ကမ္ဘောဒီးယား၏ ရည်မှန်းချက်များကို အရှိန်မြှင့်နိုင်သည်ဟု တာဝန်ရှိသူများက မှတ်ချက်ပြုခဲ့ကြကြောင်း သိရှိရပါသည်။ 

Source: Khmer Times

DOCA(ရန်ကုန်)