Designer Water စက်ရုံသို့ ကွင်းဆင်းလေ့လာ

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် (၂၆.၈.၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် ဇေကမ္ဘာဝင်းအတွင်း ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ Designer Water စက်ရုံသို့ ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းလေ့လာရာတွင် အမှတ်(၂၁၇/၂၂၂) ဇေကမ္ဘာဝင်း၊ ရန်ကုန်စက်မှုဇုန်ရှိ Designer Water စက်ရုံသို့ သွားရောက်ကာ တာဝန်ရှိသူက Designer Water နှင့် Speed အားဖြည့် အချိုရည်တို့ကို ထုတ်လုပ်လျက်ရှိပြီး ဝန်ထမ်းအင်အားမှာ ကျား(၈၃၃)၊ မ(၂၅၈)ဉီးဖြင့် လုပ်ငန်းလည် ပတ်လျက်ရှိကြောင်း၊ Speed အချိုရည်တစ်နေ့ထုတ်လုပ်မှုမှာ (၂၆၅)မီလီမီတာ၊ ဗူး(၈၀၀၀)ခန့်နှင့် Designer Water သောက်ရေသန့် (၅.၂၅)မီလီမီတာ၊ ဗူး (၁၀၀၀၀)ခန့် မြန်မာပြည်တွင်းရှိ မြို့နယ်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)