ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော သံပုရာသီးချဉ် ဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့တွင် ဒေသထွက် အရန်ဟင်းအဖြစ် အသုံးပြုသည့်  မုန့်ညှင်းချဉ်၊ သရက်ချဉ်၊ ပဲတီပင်ပေါက်ချဉ်၊ နှမ်းပတ်ချဉ်၊ သရက်သီးကုလားတည်ချဉ် နှင့် သံပုရာသီးချဉ်တို့ကို ရောင်းချပြီး မိသားစု စားဝတ်နေရေး  အပိုဝင်ငွေရရှိရန်အတွက် လက်လုပ်ချဉ်များကို လုပ်ကိုင် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

       ၂၀၂၅ ခုနှစ်၊  စက်တင်ဘာလ ပထမပတ်တွင် သံပုရာသီးချဉ် ဈေးနှုန်းအနေဖြင့် တစ်လုံးလျှင်(၂၀၀)ကျပ်၊ (၃)လုံးလျှင်(၅၀၀)ကျပ် နှင့် (၁၀)လုံးလျှင်(၁၇၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း လက်လုပ်ချဉ်များ ရောင်းချနေသူထံမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)