သြစတေးလျနိုင်ငံ၏ ၂၀၂၅ ခုနှစ် ဒုတိယ သုံးလပတ်တွင် GDP တိုးတက်

Powered by Drupal

        သြစတေးလျနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၂၅ ခုနှစ်၊ ဒုတိယသုံးလပတ်တွင် ၀.၆ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ကြောင်း စက်တင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်သော တရားဝင် ထုတ်ပြန်ချက်များအရ သိရှိရပါသည်။

          Australian Bureau of Statistics (ABS)  မှ ထုတ်ပြန်ခဲ့သော စာရင်းအင်း ကိန်းဂဏန်းများအရ သြစတေးလျနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) သည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် ၀.၃ ရာခိုင်နှုန်းမှ တိုးတက်လာကာ ဧပြီလမှ ဇွန်လကုန် ဒုတိယသုံးလပတ်တွင် ၀.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

          နှစ်စဉ်အခြေခံအားဖြင့် GDPသည် ၁.၄ ရာခိုင်နှုန်းမှ ၁.၈  ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ ပါသည်။ ABS မှ ပထမသုံးလပတ် GDP တိုးတက်မှုကို အစပိုင်းတွင် ၀.၂ ရာခိုင်နှုန်းဟု ဖော်ပြခဲ့ သော်လည်း စက်တင်ဘာလ ၃ ရက်နေ့တွင် ၀.၃ ရာခိုင်နှုန်းသို့ ပြန်လည်ပြင််ဆင်ခဲ့ကြောင်း သိရပါသည်။

Source : Xinhua                                                                                 

  DOCA(ရန်ကုန်)