
၂၀၉၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ် ဈေးတွင် ပဲထောပတ်အစိုဈေးကောင်းရ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်ဒေသထွက် ပဲထောပတ်အစိုကို ချက်ပြုစားသောက်ကြသလို ပဲလှော်များ အဖြစ်ရောင်းချရန်အတွက် အများဆုံးဝယ်ယူအသုံးပြုကြသည်။ ဒေသထွက်ပဲထောပတ်ဈေးနှုန်းများမှာ ပဲထောပတ်အခြောက် (၂၄) ပြည်တစ်အိတ်လျှင် (၁၈၀၀၀၀)ကျပ်၊ တစ်ပြည်လျှင် (၈၀၀၀)ကျပ်နှင့် ပဲထော ပတ်အစို ဈေးနှုန်းများမှာ လက်ကားဈေး ပဲထောပတ် အစိုအခွန်ပါ ပိဿာ(၂၅)ပိဿာအိတ်ကြီး တစ်အိတ်လျှင် (၁၁၀၀၀၀)ကျပ်၊လက်လီဈေး ပဲထောပတ် အခွန်မပါ တစ်ပြည်လျှင် (၁၀၀၀၀) ကျပ်နှင့် တစ်ဘူးလျှင် (၁၅၀၀)ကျပ်နှုန်းတို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုလပဲထောပတ်ဈေးနှုန်းမှာ ယခင်လ ပဲထောပတ်ဈေးနှုန်းထက် ဈေးအနည်းငယ်မြင့်တက်နေကြောင်း၊ ယခုလို ပဲထောပတ်ဈေး အနည်းငယ်မြင့်တက်ရခြင်းမှာ ကိုင်းနှင့်တောင်ယာတုန်းချိန်ဖြစ်သောကြောင့် သိရသည်။
DOCA(ကရင်)