
ဂျပန်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ တောင်းဆိုမှုကို ကိုင်တွယ်ရန်အတွက် ကန့်သတ် ကာလအတွင်း အခွန်ကင်းလွတ်တင်သွင်းမှုဖြင့် အမေရိကန်နိုင်ငံမှ ဆန်များကို ပိုမို ဝယ်ယူသွား မည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေးထုတ်ကုန်များအပေါ် ၎င်း၏ အကောက်ခွန်များကို လျော့ချရန် အစီအစဥ်မရှိကြောင်း Tokyo ထိပ်သီးရောင်းဝယ်ရေးညှိနှိုင်းသူ၏ ပြောကြားချက်အရ သိရပါ သည်။ အမေရိကန်နိုင်ငံသည် စိုက်ပျိုးရေးထုတ်ကုန်များအပေါ် ဂျပန်နိုင်ငံ အကောက်ခွန်စည်း ကြပ်ခြင်းကို ဖြတ်တောက်ရန်အဆိုပြုခဲ့ပြီး Washington သည် Tokyo ၏ အမေရိကန်နိုင်ငံမှ ဆန်တင်သွင်းမှုကာလ ချဲ့ထွင်လိုကြောင်း သိရပါသည်။ ကုန်သွယ်ရေးသဘောတူညီမှုအပေါ် အိမ်ဖြူတော်မှုထုတ်ပြန်ကြေညာချက်တွင် ဂျပန်နိုင်ငံသည် ကန့်သတ်တင်သွင်းမှု၏ အဓိကချဲ့ထွင် မှုနှင့်အတူ အမေရိကန်နိုင်ငံမှတင်သွင်းသော ဆန်များအပေါ်အခွန် ၇၅ ရာခိုင်နှုန်းချက်ချင်း ကောက်ခံလိမ့်မည်ဖြစ်ကြောင်း သိရပါသည်။ ဂျပန်နိုင်ငံသည် အမေရိကန်နိုင်ငံမှ ဆန်တန်ချိန် ပေါင်း ၃၄၆၀၀၀ မက်ထရစ်တန်ချိန်ခန့် ယခင်နှစ်တွင်တင် သွင်းခဲ့ပြီး အခွန်မဲ့ ဆန်တင်သွင်းမှု တန်ချိန်ပေါင်း ၇၇၀၀၀၀ တန်ခန့် ကျန်ရှိနေကြောင်း ဂျပန်နိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာန၏ ထုတ် ပြန်ချက်များအရ သိရပါသည်။ ၇၅ ရာခိုင်နှုန်း အခွန်တိုးမြှင့်ခြင်းသည် အမေရိကန်နိုင်ငံ၏ ကန့်သတ်ပမာဏကို ၆၀၀၀၀၀ တန်ခန့် တိုးမြင့်စေနိုင်ပြီး အဆိုပါ ပမာဏကြောင့် ထိုင်းနိုင်ငံ၊ သြစတြေးလျနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ဆန်တင်သွင်းမှုများကို ဖြတ်တောက်စေနိုင်ကြောင်း သိရပါသည်။ Tokyo သည် အမေရိကန်နိုင်ငံအား မော်တော်ကားများအား အခွန်ဖြတ်တောက်မှု ဖြစ်ပေါ်စေရန် နှင့် ကုန်ပစ္စည်းများအပေါ်အခွန်များကောက်ခံခြင်း ပယ်ဖျက်ပေးရန် ကြိုးပမ်းနေ ကြောင်းသိရပါ သည်။
Source: Bloomberg
DOCA (ရန်ကုန်)