သီရိလင်္ကာနိုင်ငံသည် ပို့ကုန်၊ တန်ဖိုးမြှင့်ထုတ်ကုန်များ မြှင့်တင်ရန် ကတိပြု

Powered by Drupal

     ပို့ကုန်ကွဲပြားမှုနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်လာစေရန် မက်လုံးများကို မိတ်ဆက်မည်ဖြစ်ကြောင်း သီရိလင်္ကာ သမ္မတ Anura Kumara Dissanayake က သြဂုတ်လ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။ အစိုးရက ၎င်းတို့အား အဟန့်အတားဖြစ်စေမည့်အစား စက်မှု လုပ်ငန်းများကိုပံ့ပိုးပေးသင့်ကြောင်း သမ္မတက ပြောကြားခဲ့ပြီး စည်းမျဉ်းရေးဆွဲရေးလုပ်ငန်းစဉ် အတွင်း သက်ဆိုင်ရာကဏ္ဍများနှင့် တိုင်ပင်ဆွေးနွေးရန် အရေးကြီးကြောင်း အလေးပေး ပြောကြား ခဲ့သည်။ Dissanayake သည် စိုက်ပျိုးရေး၊ အစားအစာနှင့် အဖျော်ယမကာကဏ္ဍများမှ ပုဂ္ဂလိက ကိုယ်စားလှယ်များနှင့် ၂၀၂၆ ခုနှစ် ဘတ်ဂျက်အကြို ဆွေးနွေးမှုအတွင်း သမ္မတရုံး၌ အဆိုပါ မှတ်ချက်ကို ပြောကြားခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် တောင်သူလယ်သမားများအတွက် အထောက်အကူပစ္စည်းများ ပံ့ပိုးပေးခြင်း၊ ပို့ကုန်အခွန်သက်သာခွင့်၊ ပြန်လည်အသုံးပြုခြင်း ကဏ္ဍများအပေါ် သက်ရောက်မှုရှိသော ဥပဒေမူဘောင်များကို အဓိကထား ဆွေးနွေးခဲ့သည်။ စားသုံးသူများထံ အရည်အသွေးမီ စိုက်ပျိုးရေးနှင့် စားသောက်ကုန် ထုတ်ကုန်များ စဉ်ဆက်မပြတ် ထောက်ပံ့နိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းများ ကြုံတွေ့နေရသော စိန်ခေါ်မှုများကို ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက ၎င်းတို့၏ အမြင်နှင့် အဆိုပြုချက်များကို မျှဝေခဲ့ကြသည်။ ယင်းစိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း စားသုံးသူများထံ ကုန်ပစ္စည်းများ ဖြန့်ဖြူးရာ တွင် စနစ်တကျ ချဉ်းကပ်မှု မရှိခြင်းကိုလည်း သမ္မတက ထောက်ပြခဲ့သည်။ အစိုးရမှ စိုက်ပျိုးရေး ထွက်ကုန်၊ နို့ထွက်ပစ္စည်းနှင့် မွေးမြူရေးဆိုင်ရာ စျေးကွက်ချဲ့ထွင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍ၏ ပံ့ပိုးကူညီမှု အပြည့်အဝရရှိရေးကို အာရုံစိုက်လျှက်ရှိကြောင်း Dissanayake ၏ ရှင်းလင်း ပြော ကြားချက်အရသိရပါသည်။

Source : Xinhua                                                                        

 DOCA (ရန်ကုန်)