ရွှေဘိုမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များ ကွင်းဆင်းစစ်ဆေး

Powered by Drupal

             ၂၀၂၅ခုနှစ် ဩဂုတ်လ (၂၂)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ရွှေဘိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်နိုင်မှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်း၊ စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်မိုး ပါဝင်သောအဖွဲ့သည် ရွှေဘိုမြို့ရှိ Leo One၊ရွှေမိ၊ ဦးဗိုက်ပို၊ ငြိမ်းချမ်းရေး စသည့် စက်သုံးဆီဆိုင်များ၏ ဆီကားရောက်ရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင်  စက်သုံးဆီဆိုင်များ ဆီ (Bowser)ယာဉ်များ သယ်ယူရာတွင် အဆင်ပြေချောမွေ့စေရေး၊ ရောက်ရှိလာသော စက်သုံးဆီများကို ဖြန့်ဖြူးရောင်းချရာတွင် မှန်မှန်ကန်ကန်ဖြစ်စေ‌ရေး၊ အလေးချိန်အချိန်အတွယ်မှန်ကန်စေရန်နှင့်  သတ်မှတ်ဈေးနှုန်းဖြင့်သာ ရောင်းချစေရေး စသည့်လိုအပ်သည်များကို စစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ် အထူးဂရုပြု၍ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)