
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၂၁.၈.၂၀၂၅)ရက် နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် Thrusday Talk ကျင်းပပြုလုပ်ခဲ့ရာ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက Virtual ဖြင့်တက်ရောက်ခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးခမ်လျန်စွမ်းက အဖွင့်အမှာစကားပြောကြားရာတွင် အပတ်စဉ်ကြာသပတေးနေ့တိုင်း Thrusday Talk အစီအစဉ်ကို ကျင်းပလျက်ရှိရာ အရမ်းကောင်းမွန်သည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ AI နည်းပညာများထွန်းကားလာသည်နှင့် အမျှ ဝန်ထမ်းများကလည်း လေ့လာသင်ယူဖို့လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် အချိန်ရတိုင်း လေ့လာပါ၊ မှတ်ပါ၊ ရေးပါ၊ စာများများဖတ်ဖို့လိုကြောင်း၊ ဝန်ထမ်းများအားလုံး Thrusday Talk အစီအစဉ်တွင် ထူးခြားစိတ်ဝင်စားဖွယ်ကောင်းသည့် ခေါင်းစဉ်ဖြင့်ဆွေးနွေးနိုင်ပါက ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ နိဂုံးချုပ်အမှာစကားပြောကြားရာ ဝန်ထမ်းများအားလုံး လုံခြုံရေးသတိရှိဖို့နှင့် ကျန်းမာရေးကိုအထူးဂရုစိုက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးမြင့်ငြိမ်းက စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၂) ခေါင်းစဉ်ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များအား Online (Zoom Meeting)ဖြင့် အသေးစိတ်ရှင်းလင်းပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)