အပတ်စဉ် တနင်္လာနေ့တိုင်း ပလပ်စတစ်/ကြွပ်ကြပ်အိတ်မသုံးစွဲရနေ့ တွင်ပူးပေါင်းဆောင်ရွက်

Powered by Drupal

        မန္တလေးတိုင်းဒေသကြီးအား ပလပ်စတစ် အမှိုက်ကင်းစင်ပြီး သန့်ရှင်းသာယာလှပသော တိုင်းဒေသကြီးတစ်ခုဖြစ်စေရန်နှင့် ပလပ်စတစ်ညစ်ညမ်းမှုလျော့ချရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများ၊ ကျောင်းသားကျောင်းသူများ၊ လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထု အားလုံးပါဝင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်  ပလပ်စတစ်/ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျော့ချရေးအား အပတ်စဉ် တနင်္လာနေ့တိုင်း(Monday Stop)အား ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၅.၈.၂၀၂၅ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့်မီးသတ်တပ်ဖွဲ့များပူးပေါင်း၍ ကျောက်ပန်းတောင်းမြို့နယ် မြို့မစည်ပင်သာယာဈေးရှိ လမ်းဘေးဝဲယာဈေးဆိုင်များအား သတ်မှတ်လမ်းညွှန်ချက်များကို လိုက်နာမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အပတ်စဉ်တနင်္လာနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)