“ဆန်စပါးမှတ်ပုံတင်ခြင်း MyRO ဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်ခြင်း”

Powered by Drupal

          ကျောက်ဆည်ခရိုင်မြို့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဩဂုတ်လ(၂၅)ရက်နေ့တွင် ကျောက်ဆည်မြို့ လူထုအခြေပြု Community Center ခန်းမ၌ ဆန်စပါးမှတ်ပုံတင်ခြင်း MyRO ဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ကျောက်ဆည်မြို့၊ ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ဆန်စပါးမှတ်ပုံတင်ခြင်း MyRO နှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းခဲ့ရာ  စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်မြို့နယ်တာဝန်ခံ ဦးစိုးမင်းထွန်း (ဒု-ဦးစီးမှူး) က MyRO နှင့် ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် ဆန်စပါးသိုလှောင်ခြင်းကိစ္စရပ်အပေါ် ကြီးကြပ်နိုင်ရန် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်း ဆိုင်ရာအမိန့်ကို(၂၄-၁၀-၂၀၂၄)ရက်နေ့တွင် အမိန့်ကြော်ငြာ စာအမှတ်(၈၂/၂၀၂၄)ဖြင့် ထုတ်ပြန်ခဲ့ကြောင်း၊ မှတ်ပုံတင်ရာတွင် ဆန်တန်ချိန်(၂၅)တန်နှင့် အထက် (သို့မဟုတ်) စပါးတင်း (၂၅၀၀)နှင့် အထက်သိုလှောင်ရုံ တစ်မျိုးမျိုးပိုင်ဆိုင်သူသည် www.myro. com.mm တွင် အမိန့် ထုတ်ပြန်ပြီး (၂)လအတွင်း မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လျှောက်ထားမှုမရှိသည်ကို စစ်ဆေးတွေ့ရှိပါက ဦးစီးဌာနအနေဖြင့် ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအား စာဖြင့်သတိပေးခြင်း၊ ဆန်စပါးလုပ်ငန်းနှင့် သက်ဆိုင်သောလုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်လက်မှတ်၊ လုပ်ကိုင်ခွင့် ယာယီပိတ်သိမ်းခြင်းကို လိုအပ်လျှင်သက်ဆိုင်ရာ အစိုးရဌာနကပြုလုပ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)