အာဆီယံ-အိန္ဒိယ ကုန်စည်ကုန်သွယ်ရေးစာချုပ်လျှင်မြန်စွာဆန်းစစ်ရန် အင်ဒိုနီးရှားတိုက်တွန်း

Powered by Drupal

     အင်ဒိုနီးရှားအစိုးရသည် ပိုမိုကျစ်လစ်ပြည့်စုံရန်၊ ပွင့်လင်းမြင်သာရန်နှင့် စီးပွားရေးလုပ်ငန်း ရှင်များ အကျိုးအမြတ်ရရှိရန်ပြုလုပ်မည့် အာဆီယံ-အိန္ဒိယကုန်စည်ကုန်သွယ်ရေးသဘောတူညီ ချက် (AITIGA)  ပြန်လည်ဆန်းစစ်မှုကို လျှင်မြန်စွာအပြီးသတ်ရန် တောင်းဆိုခဲ့ကြောင်း သိရပါ သည်။ ၎င်းကို အာဆီယံစီးပွားရေးဝန်ကြီးများနှင့် ဂျကာတာမြို့တွင်ကျင်းပသည့် အစည်းအဝေး တွင် အင်ဒိုနီးရှား ဒုတိယကုန်သွယ်ရေးဝန်ကြီး Dyah Roro Esti ကပြောကြားခဲ့ကြောင်း သိရပါ သည်။ အစည်းအဝေးသည်မဖြေရှင်းရသေးသည့်ကိစ္စရပ်များကို အိန္ဒိယနှင့်အတူဖြေရှင်းရန် ဗျူဟာ မြောက်အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း နှင့် နှစ်ဖက်စလုံးအတွက် ညီတူညီမျှအကျိုးအမြတ်ရှိမည့် အဓိပ္ပါယ်ရှိသောရလဒ်များ ထွက်ရှိခဲ့ကြောင်း သိရပါသည်။ Esti က အာဆီယံစီးပွားရေးဝန်ကြီးများ သည် ပြန်လည်ဆန်းစစ်မှုကို ၂၀၂၅ ခုနှစ်ကုန်တွင်ပြီးမြောက်ရန် ရည်မှန်းချက်နှင့်အတူ ဆွေးနွေးမှု များမြန်ဆန်စွာဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း၊ အရှေ့တောင်အာရှဒေသသို့ကြီးမား သောအကျိုးကျေးဇူးများရရှိရန် အာဆီယံနိုင်ငံများနှင့် အိန္ဒိယကြား ကုန်သွယ်ရေးဆက်ဆံမှု မြှင့်တင်ခြင်းသည် အရေးပါကြောင်းနှင့် AITIGA အကောင်အထည်ဖော်ခြင်းသည် အင်ဒိုနီးရှား စီးပွားရေးလုပ်ငန်းရှင်များအတွက် ဒေသဆိုင်ရာကုန်သွယ်မှုဂေဟစနစ်တွင် ပိုမိုပူးပေါင်းပါဝင်နိုင် ရန် ကျယ်ပြန့်သောအခွင့်အလမ်းများကို တံခါးဖွင့်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာနထံမှအချက်အလက်များအရ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံအပြန် အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၉.၁၈ ဘီလီယံရှိပြီး အင်ဒိုနီးရှားက အမေရိကန်ဒေါ်လာ ၂၂.၅ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ကြောင်း သိရပါသည်။ အိန္ဒိယသို့ အင်ဒိုနီးရှား၏ ထိပ်တန်းပို့ကုန်များတွင် ကျောက်မီးသွေး၊ စားအုန်းဆီ၊ စတီးလ်နှင့် စတီးလ်သတ္တုရိုင်းတို့ပါဝင် ကြောင်း သိရပါသည်။

Antara News

DOCA (ရန်ကုန်)