
အင်ဒိုနီးရှားစက်မှုနှင့် ကုန်သည်များအသင်း (Kadin)သည် အိန္ဒိယနှင့် ကုန်သွယ်ရေး ပမာဏကို အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံထိ တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ Kadin ဥက္ကဌဖြစ်သူ Anindya Bakrie သည် ထိုရည်မှန်းချက်အရှိန်မြှင့်တင်ရန် အိန္ဒိယသံအမတ် Sandeep Chakravorty နှင့် တွေ့ဆုံခဲ့ကြောင်းသိရပါသည်။ Bakrie က ရည်မှန်းချက်သည် အနာဂတ်တွင် အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံရောက်ရှိရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လတ်တလောတွင် နှစ်နိုင်ငံကြားကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ ပတ်လည်ရှိပြီး အင်ဒိုနီးရှားက အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံတန်ဖိုးတင်ပို့ကာ အမေရိကန် ဒေါ်လာ ၇ ဘီလီယံတန်ဖိုးပြန်လည်တင်သွင်းကြောင်း သိရပါသည်။ သံအမတ်ကြီးက အားကောင်း သောသံတမန်ဆက်ဆံရေးမှ အလုပ်အကိုင်များဖန်တီးပေးကာ သက်သာချောင်ချိမှုမြင့်တက်စေ မည့် သေချာရေရာသောစီးပွားရေးဆောင်ရွက်မှုများသို့ အသွင်ကူးပြောင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သံအမတ်ကြီးက ယနေ့အချိန်၏ ကမ္ဘာလုံးဆိုင်ရာပထဝီနိုင်ငံရေး မသေချာ မရေရာမှုများကြောင့် ပူးပေါင်းဆောင်ရွက်မှုအားကောင်းခြင်းသည် ယခင်ကထက်ပိုမိုအရေးကြီး ကြောင်း၊ အိန္ဒိယ၏လူဦးရေ ၁.၄ ဘီလီယံ၊ အင်ဒိုနီးရှား၏ သန်း၃၀၀ နီးပါးနှင့်အတူ အခြားနိုင်ငံ၏ ဈေးကွက်ကို အခြားတစ်ခုက ကျားကန်ခြေကုပ်ယူသင့်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုကနဦး ဆောင်ရွက်မှုသည် စားအုန်းဆီ၊ မော်တော်ကားအစိတ်အပိုင်းများနှင့် လျှပ်စစ်ပစ္စည်းတို့ပါဝင်သည့် အင်ဒိုနီးရှားထုတ်ကုန်များအတွက် တင်ပို့ရန်အလားအလာကို အမေရိကန်ဒေါ်လာ ၁၄၅ ဘီလီယံ ထိ တိုးမြှင့်မည့် Kadin ၏ ကျယ်ပြန့်သော ဗျူဟာ၏တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရပါသည်။
Antara News
DOCA (ရန်ကုန်)