
ကမ္ဘောဒီးယားနိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း (MAFF) ဝန်ကြီး Dith Tina နှင့် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေ အုပ်ချုပ်ရေးဝန်ကြီး Sun Meijun တို့ ၁-၉-၂၀၂၅ ရက်နေ့က တရုတ်ဈေးကွက်သို့ ကမ္ဘောဒီးယား လယ်ယာထွက်ကုန် တင်ပို့မှု မြှင့်တင်ရန် အစီအမံများကို ဆွေးနွေးခဲ့ကြသည်။ တရုတ်နိုင်ငံ၊ Beijing (ပေကျင်း) မြို့တွင် ကျင်းပပြုလုပ် ခဲ့သော အဆိုပါ အစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ MAFF ၏ နိုင်ငံခြားရေး ၀န်ကြီး Prak David နှင့် MAFF နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး Prum Somany နှင့်တရုတ်နိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ကမ္ဘောဒီးယား လယ်ယာထွက်ကုန်များအတွက် တရုတ်နိုင်ငံ၏ ကြီးမားသော သွင်းကုန်ဈေးကွက် ကို ဖွင့်လှစ်ရန်၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန်နှင့် ပို့ကုန်မြှင့်တင်ရန်၊ လယ်ယာစီးပွားရေးတွင် ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန်နှင့် ကုန်သွယ်မှုယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းစေမည့် လုပ်ငန်းစဉ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
Source: Khmer Times
DOCA (ရန်ကုန်)