၂၀၂၆ ခုနှစ် Hajj ဘုရားဖူးပွဲတော်အတွက် အင်ဒိုနီးရှားထံမှ အသင့်စားအစားအစာ အမေရိကန် ဒေါ်လာ ၁၂ သန်းဖိုးဝယ်ယူမည့် ဆော်ဒီ လုပ်ငန်း

Powered by Drupal

        ၂၀၂၆ ခုနှစ် Hajj ဘုရားဖူးပွဲတော်တွင်လိုအပ်ချက်များဖြည့်စည်းရန် ဆော်ဒီကုမ္ပဏီသည် အမေရိကန်ဒေါ်လာ ၁၂ သန်းတန်ဖိုးရှိသောအသင့်စားအစားအစာများကို အင်ဒိုနီးရှားထံမှ ဝယ်ယူရန်စီစဉ်နေကြောင်း အင်ဒိုနီးရှားနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ သိရပါသည်။ ကုန်သွယ်ရေးဝန်ကြီး Budi Santoso က ဝန်ကြီးဌာနသည် ထိုသဘောတူညီချက်အား နှစ်နိုင်ငံ ကြားကုန်သွယ်ရေးချိတ်ဆက်မှုအားကောင်းစေရန် ဗျူဟာမြောက်အရွေ့တစ်ခုအဖြစ် ရှုမြင်ထား ကြောင်းနှင့် ပို့ကုန်တိုးမြှင့်ရန်ကြိုးပမ်းမှုအားလုံးသည် နိုင်ငံ၏စီးပွားရေးကြီးထွားမှုကို သိသာ ထင်ရှားစွာမောင်းနှင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုသဘောတူညီချက်ကို အင်ဒိုနီးရှား၏ PT Halalan Thayyiban ကုမ္ပဏီနှင့် ဆော်ဒီအာရေးဗီးယား၏ 4J ကုမ္ပဏီ လီမိတက်ကြားတွင် ဩဂုတ်လ ၂၃ ရက်နေ့က အင်ဒိုနီးရှားကုန်သွယ်မှုမြှင့်တင်ရေးစင်တာ၌ MoU မှတစ်ဆင့်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ သဘောတူညီချက်အောက်တွင် Halalan သည်အရည်အသွေးမြင့်ဟာလာအသိအမှတ်ပြုလက်မှတ်ရ အသင့်စားအစားအစာများ ကို 4J အားရောင်းချသွားမည်ဟု သိရပါသည်။ ကုန်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံတော် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Fajarini Puntodewi က အင်ဒိုနီးရှားသည် Hajj ဘုရားပွဲတော်အတွင်အစားအစာလိုအပ်ချက်ကိုပံ့ပိုးပေးရန် ကတိပြု ကြောင်း၊ ထိုပူးပေါင်းဆောင်ရွက်မှုသည် ဆော်ဒီအာရေးဗီးယားသို့ပို့ကုန်တိုးမြှင့်ရာတွင် ကူညီပေး နိုင်မည်ဖြစ်ကြောင်းနှင့် အစားအစာနှင့် ဖျော်ရည်အပြင် အခြားထုတ်ကုန်များဆော်ဒီဈေးကွက်သို့ ဝင်ရောက်ရန်အတွက် များစွာသောအခွင့်အလမ်းများကို ဖန်တီးပေးနိုင်ကြောင်း ပြောကြားခဲ့ပါ သည်။

Antara News

DOCA (ရန်ကုန်)