“ပြင်ဦးလွင်မြို့နယ်တွင် ပြည်သူ့သက်သာဈေးရောင်းချခြင်းပြုလုပ်”

Powered by Drupal

          ပြင်ဦးလွင်မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအား ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကူသရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် လုပ်ငန်းရှင်များနှင့် ညှိနှိုင်း၍ စားသုံးသူပြည်သူများအား သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ သြဂုတ်လ(၂၂) ရက်နေ့တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁) ကျောက်တိုင်ကွင်းအတွင်း၌ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော  အမဲသား (၁)ပိဿာလျှင်(၂၅၀၀၀/-)ကျပ်ဖြင့် (၃၀)ပိဿာ၊ ဝက်သား (၁)ပိဿာလျှင်(၂၆၀၀၀/-) ကျပ်ဖြင့် (၃၀)ပိဿာ၊ ဆိတ်သား (၁)ပိဿာလျှင်(၂၈၀၀၀/-) ကျပ်ဖြင့် (၁၅)ပိဿာ၊ ကြက်သား(၁)ပိဿာလျှင်(၂၄၀၀၀/-)ကျပ်ဖြင့်(၁၅)ပိဿာ၊ စားအုန်းဆီ (၁)ပိဿာလျှင် (၇၄၁၀/-) ကျပ်ဖြင့် (၄၅၀)ပိဿာ၊ ကြက်ဥတစ်လုံးလျှင်(၃၅၀/-)ကျပ်ဖြင့် (၃၅၀၀)လုံးနှင့် ဆန်(၁)ပြည်လျှင် (၂၈၀၀/-)ကျပ်ဖြင့် (၄၀၈)ပြည်တို့အား ပြည်သူများအား သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)