
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် လူသုံးများသေား ဆေးဝါးများ ဆေးဆိုင်များတွင် ပြတ်လပ် မှုရှိ/မရှိ စစ်ဆေးရန် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ဩဂုတ်လ(၂၁)ရက် နေ့၊ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် ကွင်ဆင်းစိစစ်ခဲ့ကြောင်း သိရှိရ သည်။
ထိုသို့ ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဘက်စုံသားဖွား ဆရာမဒေါ်နှင်းမို့သန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စာရင်းကိုင်-၃အဆင့် ဒေါ်ခိုင်သဇင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဈေးပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မိုး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် ဈေးပိုင်းရပ်ကွက် ကန္ဒာလမ်းမှ ထွန်းဝေဆေးဆိုင်၊ ဈေးပိုင်းရပ်ကွက် သုံးပန်လှလမ်းမှ ရာပြည့်ဆေးဆိုင်၊ ရတနာပုံလမ်းမှ ကောင်းမြတ်ချမ်းသာဆေးဆိုင်၊ ဈေးပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းမှ အေးမေတ္တာဆေးဆိုင်၊ ကံကြီးမကျီးရပ်ကွက် ဗိုလ်ချုပ်လမ်းမှ သစ်ဆန်းဆေးဆိုင်၊ ထွန်းဝေဆေးဆိုင်၊ ဦးစံရွှေ+ ဒေါ်တင်အိ ဆေးဆိုင်တို့တွင် လူသုံးများသောဆေးဝါးများဖြစ်သည့် ဆီချိုဆေး၊ သွေးတိုးကျဆေး၊ သွေးကျဲဆေး၊ နှလုံးဆေး၊ အသဲဆေး၊ အာရုံကြောဆေးများ၊ စပ်ဆေးများနှင့် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးများ၊ အားဆေးများဖြည့်စွက်စာများ ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ကြကြောင်း သိရှိရပါသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက အထက်ဖော်ပြပါ ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးနှင့် ယခုကာလသည် မိုးရာသီကာလဖြစ်သောကြောင့် စားသုံးသူများ အများအားဖြင့် ဖြစ်တတ်သည့် ဝမ်းရောဂါကာကွယ်ဆေးများ၊ ဖျားနာရောဂါ ဆေးဝါးများ ပြတ်လပ်မှုမရှိစေရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရန် ဈေးနှုန်းမြှင့်ရန် ဈေးကစားရန်ရည်ရွယ်ချက်၍ သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် ဆေးဆိုင်ပိုင်ရှင် တာဝန်ခံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)