ပါကစ္စတန်နိုင်ငံ၌ ဩဂုတ်လအတွင်း ကုန်ပစ္စည်းတင်ပို့မှု ၁၂ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းလာ

Powered by Drupal

      ပါကစ္စတန်နိုင်ငံတွင် သြဂုတ်လအတွင်း ကုန်ပစ္စည်းတင်ပို့မှုသည် ယခင်နှစ်ကထက် ၁၂.၄၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၄၂ ဘီလီယံအထိ ကျဆင်းခဲ့ကြောင်း တရားဝင် အချက် အလက်များက ဖော်ပြထားသည်။အဆိုပါ ပို့ကုန်ကျဆင်းမှုသည် လွန်ခဲ့သည့်ငါးလအတွင်း စတုတ္ထ မြောက်ကျဆင်းမှုဖြစ်ပြီး ဇူလိုင်လကသာလျင် အပြုသဘောဆောင်သော ပို့ကုန်တိုးတက်မှုရှိ ကြောင်းဖော်ပြခဲ့သည်။ လအလိုက် ပို့ကုန် ၉.၉၈ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ပီဘီအက်စ် ဒေတာက ဖော်ပြသည်။

     လက်ရှိဘဏ္ဍာရေးနှစ် ၂၀၂၅-၂၆ ၏ ပထမနှစ်လတာကာလအတွင်း ပို့ကုန်တင်ပို့မှု ၀ ဒသမ ၆၅ ရာခိုင်နှုန်း ဒေါ်လာ ၅ ဒသမ ၁၁ ဘီလီယံအထိ တိုးတက်ခဲ့ရာ ယမန်နှစ်အလားတူကာလက ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၇  ဘီလီယံထက် ပိုမိုများပြားခဲ့သည်။

          သို့ရာတွင် သြဂုတ်လက သွင်းကုန် ၆ ဒသမ ၄၂ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၈ ဘီလီယံ မြင့်တက်ခဲ့ရာ လစဉ်ကုန်သွယ်မှုလိုငွေ ၃၀.၁၃ ရာခိုင်နှုန်း တိုးလာကာ ယခင်နှစ်က ဒေါ်လာ ၂.၂၁ ဘီလီယံနှင့်နှိုင်းယှဉ်ပါက ဒေါ်လာ ၂.၈၆ ဘီလီယံအထိ တိုးလာသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ                                                                                                          

DOCA(ပြည်ထောင်စုနယ်မြေ)