ကမ္ဘောဒီးယား၏ လောင်စာဆီ တင်သွင်းမှုသည် ပထမ ၇ လအတွင်း စုစုပေါင်း ဒေါ်လာ ၁.၄၅ ဘီလီယံ ရှိ

Powered by Drupal

           ကမ္ဘောဒီးယားနိုင်ငံ၏ စုစုပေါင်းတင်သွင်းသည့် ဒီဇယ်လောင်စာ၊ ဓာတ်ဆီနှင့် သဘာဝဓာတ်ငွေ့သည် ၂၀၂၅ ခုနှစ်၊ ပထမ (၇)လအတွင်း ၁၃.၁ ရာခိုင်နှုန်း လျော့ကျသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၁-၈-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ထား သည်။ ဒီဇယ်လောင်စာ၊ ဓာတ်ဆီနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှုတန်ဖိုးသည် ယခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအတွင်း အမေရိကန်ဒေါ်လာ ၁.၄၅ ဘီလီယံရှိပြီး ယမန်နှစ် အလားတူကာလထက် ကန်ဒေါ်လာ ၁.၆၇ ဘီလီယံဖိုးရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ နိုင်ငံတော်သည် ဒီဇယ်ဆီ တင်သွင်းမှုအတွက် ဒေါ်လာ ၇၈၆ သန်း သုံးစွဲခဲ့ပြီး ယမန်နှစ်အလားတူကာလအောက် ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ဓာတ်ဆီအတွက် ကန်ဒေါ်လာ ၄၅၉.၇ သန်းသုံးစွဲခဲ့ပြီး ၂၀.၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ သဘာဝဓာတ်ငွေ့အတွက် ဒေါ်လာ ၂၀၄.၆ သန်း သုံးစွဲခဲ့ပြီး ၆.၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။  စွမ်းအင်ဝန်ကြီးဌာနသည် ကမ္ဘောဒီးယားနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ကုန်များ ၀ယ်လိုအားသည် ၂၀၃၀ ခုနှစ်တွင် တန်ချိန် ၄.၈ သန်းအထိ တိုးလာနိုင်ကြောင်း ခန့်မှန်းထားကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)