
အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ PT Pertamina မှတဆင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ အထင်ကရ ဒေသတွင်းစွမ်းအင် ပူးပေါင်း ဆောင်ရွက်မှုပဏာမဖြစ်သော ASEAN Power Grid ဖွံ့ဖြိုးတိုးတက်ရေးတွင် စီးပွားရေးအခွင့် အလမ်းများကိုမျက်စိကျလျက်ရှိကြောင်း သိရသည်။ စွမ်းအင်လုံခြုံရေးနှင့် ပြန်လည်ပြည့် ဖြိုးမြဲစွမ်းအင် ပေါင်းစည်းမှုကို ပံ့ပိုးပေးသည့်အနေဖြင့် ဒေသတွင်းနိုင်ငံများအား လျှပ်စစ်ဓာတ်အား ကုန်သွယ်မှုပြုလုပ်နိုင်စေမည်ဖြစ်သည်။ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား ကုန်သွယ်မှုအတွက် အခွင့်အလမ်းများ အလွန်ကြီးမားကြောင်း၊ အထူးသဖြင့် အာရှနိုင်ငံများ၏ စွမ်းအင်လိုအပ်ချက်များသည် တိုးလာပြီး လာအိုကနေ ထိုင်းနိုင်ငံသို့လည်ကောင်း၊ ထိုင်းနိုင်ငံမှ မလေးရှားနိုင်ငံသို့ လျှပ်စစ်ရောင်းချချင်းတို့ကိုလုပ်ဆောင်နိုင်ကြောင်း Pertamina New and Renewable Energy ၏ CEO ဖြစ်သူ John Anis က သြဂုတ်လ ၂၁ ရက်နေ့က ဂျကာတာတွင် ပြုလုပ်သည့် စွမ်းအင်ဟောပြောပွဲရှိုးတွင် ပြောကြားခဲ့သည်။ အင်ဒိုနီးရှားသည် ၎င်း၏ ပေါများသော စွမ်းအင်အရင်းအမြစ်များနှင့် ဒေသ၏ ဝယ်လိုအားတိုးပွားလာမှုကြောင့် အလားအလာရှိသောစျေးကွက်များ အမြဲရှိနေမည်ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source: Xinhua
DOCA (ရန်ကုန်)