
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး)သည် ၂၁.၈.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည်စုံဈေး၊ ခိုင်ရွှေဝါဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ ဆေးဝါးရောင်းချနေသည့် ဆေးဆိုင်များအားစစ်ဆေးဆောင်ရွက်ရာတွင် ဆေးဆိုင်များလိုင်စင်ရှိ/ မရှိစစ်ဆေးဆောင်ရွက်ခြင်း၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ /မရှိ၊ ရောင်းချသောဆေးဝါးများတွင် အညွှန်းများတပ်ဆင်မှုရှိ/ မရှိ၊ ဆေးပါကင်ဗူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းရှိ/ မရှိ စစ်ဆေးခြင်း၊ ဈေးကွက်၌သတ်မှတ်ချက်နှင့်မညီရောင်းချခြင်းများ၊ တားမြစ်ကုန်စည်များ၊ သက်တမ်းလွန်ကုန်စည်နှင့် ဆေးဝါးများရောင်းချခြင်းတွေ့ရှိပါက အမျိုးသားအစားအသောက်ဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)