
ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနရှိ စစ်ဆေးရေးအရာရှိများသည် သြဂုတ်လ(၁၈) ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဘေး၊ ဘယ်လင်းကျေးရွာရှိ Petro Net စက်သုံးဆီအရောင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင် များအနေဖြင့် နိုင်ငံတော်မှ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စျေးနှုန်းမြင့်တက်မှုမရှိစေရေး ၊ စက်သုံးဆီစျေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ စက်သုံးဆီရောင်းချသည့် ကုမ္ပဏီများမှလည်း သုံးစွဲသူပြည်သူများအား စက်သုံးဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသည့် ရည်ညွှန်းစျေးနှုန်းများထက် ပိုမိုကျော်လွန်၍ ရောင်းချခြင်းမရှိရန်လိုကြောင်း၊ အချင်အတွယ် မှန်ကန်စွာရောင်းချရန်နှင့်အရည်အသွေးကောင်းမွန် သောစက်သုံးဆီများကိုသာ ဝယ်ယူရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)