
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ စဉ့်ကိုင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ သြဂုတ်လ (၁၈) ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့၊ မြောက်ကိုင်ရပ်ရှိ Asia သောက်ရေသန့် ထုတ်လုပ်ရောင်းချသည့်လုပ်ငန်း အားကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးရေးအရာရှိက ပြောကြားရာတွင် လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်မှ ပြန်ရောက်လာသောဗူးခွံများကို အတွင်းအပြင်ကို နေ့စဉ်ဆေးကြောသန့်စင်ရန်လိုအပ်ကြောင်း၊ ရေသန့်များထုတ်လုပ်ရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းပြီး လိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးကောက်မရှင်မှထုတ်ပြန်ထားသော(၂/၂၀၂၉)ပါ ကုန်စည်အမျိုးအစားအလိုက် ဖော်ပြရမည့်ညွှန်ကြားချက်များကို ပြည့်စုံမှန်ကန်စွာ ဖော်ပြလိုက်နာ ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှထုတ်ပြန်ထားသည့် လုပ်ငန်းလိုင်စင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ထုတ်ပြန်ထားသည့် လက်မှတ်များလိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)