
မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလမှစတင်၍ ၂၀၂၅ ခုနှစ် သြဂုတ်လအတွင်း ငါးလုပ်ငန်းထုတ်ကုန်တန်ချိန်ပေါင်း ၁၄၅၀၀၀ တန်ခန့်တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရုပ်မြင် သံကြားနှင့် သတင်းပြန်ကြားရေးအဖွဲ့ထုတ်ပြန်ချက်များအရ သိရပါသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တီလားပီးယား၊ ငါးတန်၊ ငါးမြစ်ချင်း၊ ကျားပုဇွန် အစရှိသည့် ငါးလုပ်ငန်းထုတ်ကုန်များကိုတင်ပို့လျက်ရှိကြောင်း သိရပါသည်။ အဆိုပါတင်ပို့ကုန်များတွင် ရေချိုမှ ဖမ်းဆီးရရှိသော ငါးတန်ချိန်ပေါင်း ၁၄၀၀၀၀ တန်ခန့် ခန့်မှန်းတန်ဖိုး အမေရိကန် ဒေါ်လာ ၁၉၅.၉၄၇ သန်းခန့် တန်ကြေးရှိပြီး ကျန် တန်ချိန် ၅၀၀၀ တန်ချိန်ခန့်ကို ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၃.၄၂၇ သန်း မွေးမြူရေးငါးများကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ကြောင်း အစီရင်ခံစာများအရ သိရပါသည်။
Source: Xinhua
DOCA (ရန်ကုန်)