ထိုင်းနှင့်တရုတ်တို့သည် သစ်သီးများ ကုန်သွယ်မှုမြှင့်တင်ရန် စက်တင်သာလ ၁ ရက်နေ့မှစ၍ စစ်ဆေးရေးဂိတ် ၅ ခုဖွင့်လှစ်

Powered by Drupal

              ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် သစ်သီးကုန်သွယ်ရေးအတွက် စစ်ဆေးရေးဂိတ် ၅ ခုကို စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ဖွင့်လှစ်ရန် သဘောတူညီခဲ့ပြီး လျင်မြန်စွာသယ်ယူပို့ဆောင်ခြင်းကို တိုးမြှင့်ရန်နှင့် ဈေးကွက်ကို တိုးချဲ့မည်ဟု သိရှိရပါသည်။

            ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် သစ်သီးတင်ပို့သည့် တတိယနိုင်ငံ၏ စည်းမျဉ်းစည်းကမ်းအောက်တွင် သွင်းကုန်-ပို့ကုန် စစ်ဆေးရေးဂိတ် ၅ ခုဖွင့်လှစ်ရန် သဘောတူစာချုပ်တွင် လက်မှတ်‌ ရေးထိုးခဲ့ကြပါသည်။ ၄င်းသည် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ကို လျော့ချနိုင်မည်ဖြစ်သလို စစ်ဆေးရေးဂိတ်များတွင် လူစုလူဝေးဖြစ်ခြင်းနှင့် ထိုင်းသစ်သီးများကို တရုတ်နိုင်ငံသို့ဖြတ်ပြီး လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ပါမည်။

            ဤသဘောတူညီချက်အရ ထိုင်းဖက်တွင် စစ်ဆေးရေးဂိတ်သစ် ၃ ခု ဖွင့်လှစ်မည့်ဖြစ်ပြီး တရုတ်ဖက်တွင် စစ်ဆေးရေးဂိတ် ၂ ခု ဖွင့်လှစ်မည်ဖြစ်ပါသည်။ ထို့ကြောင့် ထိုင်းဖက်တွင် သစ်သီးတင်ပို့ရန် စစ်ဆေးရေးဂိတ် ၉ ခုထိရှိလာမည်ဖြစ်ပြီး တရုတ်ဖက်တွင် စစ်ဆေးရေးဂိတ် ၁၂ ခုထိရှိ လာမည်ဖြစ်ပါသည်။

            ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ လက်ဆက်သော သစ်သီးများ တရုတ်နိုင်ငံသို့ တင်ပို့မှုသည် ဘတ်ငွေ ၁၈၀ ဘီလီယံကျော်မည်ဟု ခန့်မှန်းထားပါသည်။တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ သစ်သီးတင်ပို့မှုနှင့် လယ်ယာထွက်ကုန် တင်ပို့သည့် အဓိကဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ် ပါသည်။

            စစ်ဆေးရေးဂိတ်အသစ် ၅ ခုသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ လယ်ယာထွက်ကုန် ကုန်သွယ်မှုတန်ဖိုးကို တိုးမြင့်စေသလို အနာဂတ်တွင် ဈေးကွက်များ ပိုမိုကျယ်ပြန့်စေမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source : The Nation Thailand

DOCA(ရန်ကုန်)