
ကမ္ဘောဒီးယားနိုင်ငံ၏ အာမခံကဏ္ဍသည် ယခုနှစ်ဇွန်လတွင် စုစုပေါင်းပရီမီယံဒေါ်လာ ၃၂.၄ သန်းအထိရောက်ရှိခဲ့ပြီး ယမန်နှစ် ဇွန်လတွင် ကန်ဒေါ်လာ ၂၈.၄ သန်းမှ ၁၃.၈ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း Insurance Regulator of Cambodia (IRC) ၏ ၁၇-၈-၂၀၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ အသက်အာမခံသည် ၁၇.၆ ရာခိုင်နှုန်းမှ ကန်ဒေါ်လာ ၁၉.၇ သန်းအထိ တိုးတက်ခဲ့ပြီး အထွေထွေအာမခံသည် အလားတူကာလတွင် ၈.၃ ရာခိုင်နှုန်းမှ ကန်ဒေါ်လာ ၁၂.၆ သန်းအထိ တိုးတက်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အာမခံသူများ ပေးဆောင်သည့် တောင်းဆိုမှု စုစုပေါင်း ပမာဏသည် ဒေါ်လာ ၅.၃ သန်းရှိပြီး ယမန်နှစ် အလားတူကာလတွင် မှတ်တမ်းတင်ထားသည့် ဒေါ်လာ ၆.၈ သန်းမှ ၂၂.၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အထွေထွေအာမခံအောက်တွင် ပိုင်ဆိုင်မှုအာမခံ ၄၄ ရာခိုင်နှုန်းဖြင့် အရောင်းအ၀ယ်အများဆုံး ဖြစ်လျက်ရှိပြီး ၎င်းအောက်တွင် မော်တော်ယာဉ်နှင့် ကျန်းမာရေး အာမခံတို့က အသီးသီး ရပ်တည်လျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ IRC ညွှန်ကြားရေးမှူးချုပ် Bou Chanphirou က IRC သည် အာမခံကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံတစ်ဝှမ်းရှိ နိုင်ငံသားများအား အသိပညာပေးခြင်း၊ ဖြန့်ဝေခြင်းသည် အာမခံကဏ္ဍ၏ တရားဝင်လုပ်ငန်းစဉ်နှင့် အကျိုးခံစားခွင့်များကို စားသုံးသူများအား နားလည်စေရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
Source: Khmer Times
DOCA(ရန်ကုန်)