
ကမ္ဘောဒီးယားနိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံတို့သည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ဒေါ်လာ ၄၇ သန်းခန့်အထိရှိခဲ့ပြီးနှစ်နိုင်ငံကုန်သွယ်မှု သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ကမ္ဘောဒီးယား-ယူအေအီး ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (CEPA) ၏ အကျိုးကျေးဇူးများဆိုင်ရာ ဒုတိယအကြိမ် အရောင်းမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အတွင်းရေးမှူး Tekret Kamrong က ကုန်သွယ်မှု ကိန်းဂဏန်းများနှင့် စပ်လျဉ်းသည့် ကုန်သွယ်မှုအသေးစိတ် အချက်အလက်များကို ပြောကြားခဲ့ပြီး နိုင်ငံတော်မှ ပို့ကုန်စုစုပေါင်း ကန်ဒေါ်လာ ၃၆ သန်းရှိပြီး သွင်းကုန်ကန်ဒေါ်လာ ၁၁ သန်းရှိကြောင်း သိရသည်။ အဓိက ပို့ကုန်များတွင် အဝတ်အထည်၊ ဖိနပ်၊ အိတ်၊ သဘာဝရော်ဘာနှင့် အခြားကုန်ပစ္စည်းများ ပါဝင်သည်။ ကမ္ဘောဒီးယားနိုင်ငံသို့ တင်သွင်းသော ကုန်စည်များတွင် အဓိကအားဖြင့် လောင်စာဆီ၊ ပလပ်စတစ်ထုတ်ကုန်များ၊ ဆေးရွက်ကြီး၊ ဓာတုရာဘာနှင့် အခြားအရာများ ပါဝင်သည်။ CEPA သည် နှစ်နိုင်ငံအတွက် အကျိုးအမြတ်များသည့် ထုတ်ကုန်များထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းမှတစ်ဆင့် ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုကို ပံ့ပိုးပေးလျက်ရှိကြောင်း Kamtong က ဆက်လက်ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)