
စီးပွားရေးဝန်ကြီးဌာနသည် အမေရိကန်ပြည်ထောင်စုမှ သတ်မှတ်ထားသော အခွန်စည်းမျဉ်းအသစ်များကြောင့် ထိုင်းပို့ကုန်လုပ်ငန်းရှင်များ လျှင်မြန်စွာ လိုက်လျောညီထွေဖြစ်စေရန်နှင့် သူတို့၏ ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်ရန်အတွက် One-stop service center ဖွင့်လှစ် လိုက်ပြီဖြစ်ကြောင်း သိရပါသည်။
အဆိုပါစင်တာသည် ထိုင်းနိုင်ငံမှ တင်ပို့သော ကုန်ပစ္စည်းများအပေါ် အမေရိကန်၏ ၁၉ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည် ဖြစ်သည့်အတွက် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMES) အပြင် ကုမ္ပဏီကြီးများကိုပါ ကူညီပေးရန် ရည်ရွယ်ထားကြောင်း အစိုးရ၏ ဒုတိယမြောက် ပြောရေးဆိုခွင့်ရှိသူ Anukool Pruksamusak က ပြောကြားခဲ့ပါသည်။
အဆိုပါစင်တာသည် အခွန်အကောက်ညှိနှိုင်းမှုနှင့် လျော့ချခြင်းကိစ္စရပ်များ၊ စျေးကွက်သတင်းအချက်အလက်များ၊ ကုန်ကျစရိတ်လျှော့ချရေးဆိုင်ရာ အကြံညဏ်များနှင့် စီးပွားရေးအခွင့် အလမ်းများတိုးတက်စေရန် အစီအစဉ်များ၊ ကျယ်ပြန့်သော ဝန်ဆောင်မှုများနှင့် အကူအညီများ ပေးမည်ဖြစ်ကြောင်း Mr Anukool က ပြောကြားခဲ့ပါသည်။
ပါဝင်သည့် ကိုယ်စားလှယ်လုပ်ငန်း ၁၂ ခုအနက် ၈ ခုမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး လက်အောက်တွင်ပါရှိကြောင်း သိရှိရပါသည်။
Source: Bangkok Post
DOCA (ရန်ကုန်)