
ဂျပန်နိုင်ငံ၏ စီးပွားရေးသည် ဇွန်လအထိသုံးလအတွင်း နှစ်စဉ် ၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး သုံးလပတ် ဆက်တိုက်တိုးတက်မှုသည် ငါးကြိမ်မြောက်ဖြစ်ကြောင်း ဝန်ကြီးရုံး၏ သြဂုတ်လ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
နောက်ဆုံးရရှိခဲ့သော (GDP) အချက်အလက်များအရ ဇန်နဝါရီ-မတ် ကာလအတွင်း ၀.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ရာမှ ၀.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ငွေကြေး ဖောင်းပွမှုကို ချိန်ညှိပြီးနောက် ဂျပန်နိုင်ငံ၏ GDP သည် ယခင်သုံးလတာ ကာလထက် ၀.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဝန်ကြီးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
GDP တိုးတက်မှု၏ အဓိက အကြောင်းအရင်းမှာ တင်ပို့မှုကြောင့် ဖြစ်ပါသည်။ တင်ပို့မှုများသည် ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်လျှင် ၂.၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သွင်းကုန်များမှာ ၀.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။
ပြည်တွင်းဝယ်လိုအား၏ အဓိကမောင်းနှင်အားဖြစ်သော ရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်နှင့် နှိုင်းယှဉ်လျှင် ၁.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဆက်တိုက် ငါးကြိမ်တိုးတက်မှုဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
အခြားအဓိက အစိတ်အပိုင်းများအနက် စီးပွားရေးထုတ်လုပ်မှု၏ ထက်ဝက်ကျော်ရှိသည့် ပုဂ္ဂလိက သုံးစွဲမှု ၀.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။
Source: Xinhua
DOCA (ရန်ကုန်)