
နယူးဇီလန်နိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း ဇူလိုင်လအထိတွင် စားသောက်ကုန်ဈေးနှုန်း ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ ဤမြင့်တက်မှုသည် ယခင်နှစ် ၄.၆ ရာခိုင်နှုန်းမှ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း စာရင်းအင်းဦးစီးဌာန Stats NZ က သြဂုတ်လ ၁၅ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
နို့ထွက်ပစ္စည်းများ ဈေးနှုန်းမြင့်တက်မှုကြောင့် စားသောက်ကုန်မျိုးစုံတို့သည့် ၅.၁ရာခိုင် နှုန်း မြင့်တက်ခဲ့ပါသည်။ နို့ ၁၆ရာခိုင်နှုန်း၊ ထောပတ် ၄၂.၂ရာခိုင်နှုန်း၊ ချိစ် ၂၉.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း Stats NZ က ပြောကြားခဲ့ပါသည်။၂၀၂၀ခုနှစ် ဇူလိုင်လ ကတည်းက နို့ဈေးနှုန်း ၃၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းလည်း ပြောကြားခဲ့ပါသည်။
အသားနှင့် ငါးဈေးနှုန်းများ ၇.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမဲသားအကင် ၂၄.၆ရာခိုင်နှုန်းနှင့် ခုတ်ဖြတ်ပြီးအသား ၁၉.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ အသီးနှင့် ဟင်းသီးဟင်းရွက်များ ၇.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အရက်မပါသော အချိုရည် ၄.၄ရာခိုင်နှုန်းနှင့် စားသောက်ဆိုင်အစား အစာ ၂.၂ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။
အိမ်ငှားခဈေးနှုန်းများမှာ ၂၀၂၅ခုနှစ်အတွင်း ဇူလိုင်လအထိ ၂.၄ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၄င်းတိုးတက်မှုသည် ၂၀၁၁ခုနှစ်ကတည်းက အနှေးဆုံးတိုးတက်နှုန်းဖြစ်ကြောင်း Stats NZ ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source: Xinhua
DOCA (ရန်ကုန်)