တရုတ်အမှတ်တံဆိပ်များ အင်ဒိုနီးရှား EV ကားဈေးကွက်ကို လွှမ်းမိုးထား

Powered by Drupal

          တရုတ်အမှတ်တံဆိပ် လျှပ်စစ်ကား EVများသည် အင်ဒိုနီးရှား လျှပ်စစ်ကားဈေးကွက်ကို ၂၀၂၅ ခုနှစ်၏ ဇန်နဝါရီလမှ ဇွန်လိုင်လအတွင်း လွှမ်းမိုးထားကြောင်း အင်ဒိုနီးရှား မော်တော်ကား စက်မှုလုပ်ငန်းအသင်း (GAIkINDO) ရဲ့ သြဂုတ်လ ၁၃ ရက်နေ့ ထုတ်ပြန်သည့် အချက်အလက်များအရသိရပါသည်။

          တရုတ်ကားထုတ်လုပ်ရေး BYD သည် ၂၀၂၅ ခုနှစ်၏ ပထမ ခုနှစ်လအတွင်း ဈေးကွက် ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိပြီး ယူနစ် ၁၆၄၂၇ ရောင်းချခဲ့ပါသည်။ M6, Sealion 7, Atto 3,Seal, and Dolphin စသည့် နာမည်ကြီးမော်ဒယ်များကြောင့် အားကောင်းတဲ့စွမ်းဆောင်ရည်များ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လနှောင်းပိုင်းတွင် BYDသည် ၄င်းတို့၏ နောက်ဆုံးပေါ်ကား Atto 1 ကို GAIKINDO Indonesia International Auto Show တွင်စတင်မိတ်ဆက်ခဲ့ပါသည်။ ထိုပြပွဲတွင် ရူပီး ၁၉၅ (အမေရိကန်ဒေါ်လာ ၁၂၀၈၀ခန့်) ဖြင့် စတင်ရောင်းချခဲ့ကြောင်း သိရပါသည်။

          ဈေးကွက်၏ ဒုတိယနေရာတွင် BYD အဖွဲ့၏ အမှတ်တံဆိပ်ခွဲ Denza က ယူနစ် ၆၂၅၆ ရောင်းချခဲ့ပြီး တရုတ်ကားထုတ်လုပ်ရေး Wuling က ယူနစ် ၆၂၁၀ နှင့် တတိယနေရာတွင် ရပ်တည်နေပါသည်။စတုတ္ထနေရာတွင် Chery က ယူနစ် ၅၁၉၆ ဖြင့်ရပ်တည်နေပြီး Aion က ယူနစ် ၃၁၂၆ ဖြင့် ပဥ္စမနေရာတွင် ရပ်တည်နေကြောင်း သိရှိရပါသည်။

          ခြုံငုံကြည့်လျှင် အင်ဒိုနီးရှား၏ လျှပ်စစ်ကား ရောင်းအားသည် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ယူနစ် ၄၂၁၇၈ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် စုစုပေါင်းရောင်းအား ၄၃၁၈၈ ယူနစ်နီးပါး ရောက်ရှိခဲ့ကြောင်း သိရှိပါသည်။

          အင်ဒိုနီးရှားအစိုးရသည် ရုပ်ကြွမ်းလောင်စာများမှ သန့်ရှင်းသော စွမ်းအင်သို့ကူးပြောင်း ခြင့်ဖြင့် ကာဗွန်ထုတ်လုပ်မှုကိုလျှော့ချရန် ကတိပြုထားကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA (ရန်ကုန်)