တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ကမ္ဘောဒီးယားနိုင်ငံ၏ သစ်နှင့်အထည်အလိပ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှာဖွေ

Powered by Drupal

           ကမ္ဘောဒီးယားနိုင်ငံတွင် သစ်နှင့်အထည်အလိပ်လုပ်ငန်းတို့၌ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ် များကို အဓိကထား၍ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများပိုမိုလေ့လာရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Beijing နှင့် Anhui ပြည်နယ်တို့မှ တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ကမ္ဘောဒီးယားသို့ လာရောက်ကြသည်။ ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ (CDC) ၏ ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၏ လက်ထောက်အထွေထွေအတွင်းရေးမှူး Lim Visal နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် များသည် Beijing  နှင့် Anhui ပြည်နယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တရုတ်ရင်းနှီးမြှုပ်နှံသူများနှင့် ၁၃-၈-၂၀၂၅ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း CDC ၏ ထုတ်ပြန်ချက်အရ သိရသည်။ တွေ့ဆုံမှုအတွင်း တရုတ်ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲက ၎င်းတို့၏ ခရီးစဉ်၏ ရည်ရွယ်ချက်မှာ ကမ္ဘောဒီးယား၏ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်၊ အထူးသဖြင့် သစ်လုပ်ငန်းနှင့် အထည်ချုပ် လုပ်ငန်းများမှ အခွင့်အလမ်းများကို ပိုမိုနားလည်လာစေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တုံ့ပြန်သည့်အနေဖြင့် Visal မှ ကိုယ်စားလှယ်အဖွဲ့အား နွေးထွေးစွာကြိုဆိုခဲ့ပြီး ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံကြား နီးကပ်သောဆက်ဆံရေးအပြင် တရုတ်အစိုးရနှင့် ပြည်သူတို့ ပံ့ပိုးပေးထားသည့် အခြေခံအဆောက်အဦ တည်ဆောက်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ပြောကြားခဲ့ပြီး ကမ္ဘောဒီးယား၏ ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်း၊ သက်ဆိုင်ရာ ဥပဒေများနှင့်စည်းမျဉ်းများကို ခြုံငုံသုံးသပ်ပြီး နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှု မက်လုံးပေးမှု အစီအစဉ်များကိုအသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ချည်မျှင်နှင့်အထည်မှအချောထည်အထိ အထည်အလိပ်ထုတ်လုပ်မှုကွင်းဆက်တွင် ရင်းနှီးမြှုပ်နှံမှုသည် တော်ဝင်အစိုးရ၏မူဝါဒနှင့်အညီ ပြည်တွင်းကုန်ကြမ်းထုတ်လုပ်မှု၊ အပိုတန်ဖိုးတိုးမြင့်လာပြီး ပို့ကုန်ဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းပေးရန်အတွက်ဖြစ်ကြောင်း Visal က ဆက်လက်ရှင်းပြသည်။

Source: Khmer Times

DOCA (ရန်ကုန်)