ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ပို့ကုန်‌တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၃.၅ ဘီလီယံ ရရှိလာရန်မျှော်မှန်းထား

Powered by Drupal

          ဘင်္ဂလားဒေ့ရှ်အစိုးရသည် ၂၀၂၅ ဇူလိုင်လ မှ ၂၀၂၆ ဇွန်လ အထိ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်း ၎င်း၏ပို့ကုန်ရည်မှန်းချက်အား ၁၆.၅ ရာခိုင်နှုန်းမှ အမေရိကန်ဒေါ်လာ ၆၃.၅ ဘီလီယံ ဒေါ်လာ သို့ရောက်ရှိရန်ပြစ်မှတ်ထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ဘင်္ဂလားဒေ့ရှ် ကူးသန်းရောင်းဝယ်ရေးအကြံပေး Sk Bashir Uddin က သြဂုတ်လ ၁၂ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

          ဝန်ကြီး၏ အဆိုအရ ကုန်စည်တင်ပို့မှုမှ ဒေါ်လာ ၅၅ ဘီလီယံနှင့် ဝန်ဆောင်မှုကဏ္ဍမှ ဒေါ်လာ ၈.၅ ဘီလီယံ ရရှိမည်ဖြစ်ကြောင်းသိရသည်။ ပို့ကုန်ပစ်မှတ်ကို အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း အကြံပေးပုဂ္ဂိုလ်မှ ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA (ရန်ကုန်)